အပိုင်း (၁၉)

728 21 1
                                    

ရှိုင်း နဲ့ ရှိန်းက နှင်းတို့နဲ့ဆက်ဆံရေးတွေတိုးတက်လာကြပေမယ့် သတိုး နဲ့ လီယိုကတော့ အခုထိဖွင့်ပြောဖို့အခွင့်အရေးမတွေ့ကြသေးဘူးဖြစ်နေကြသည်။ အခုလည်း နိုင်ငံခြားကုမ္ပဏီတချို့နဲ့ပူပေါင်းလုပ်မယ့်ကိစ္စတွေနဲ့ ရှုပ်နေကြသည်။

"MD သူတို့က မပြန်ခင် မြန်မာထမင်း၊ဟင်းကောင်းကောင်းလေးစားချင်ကြတယ်တဲ့" လီယိုတစ်ယောက် မြန်မာထမင်း၊ဟင်းဆိုတော့ သွယ်တို့ဆိုင်ကို သတိရသွားသည်။

"မင်္ဂလာပါ (မြန်မာ့စားသောက်ဆိုင်) ဆိုရင် အဆင်ပြေမလား ဝေယံ"

"အဲ့ဆိုင်က အရမ်းစားကောင်းတာဆို‌တော့ဆင်ပြေတယ် MD"

"ဒါဆို အဲ့ဒီဆိုင်ကိုခေါ်သွားကြတာပေါ့"

လီယို ဆိုင်အပြင်အဆင်ကိုကြည့်ပြီး သဘောကျမိသည်။ ဆိုင်အပြင်အဆင်က မြန်မာအငွေ့အသက်တွေ ဖုံးလွှမ်းနေလို့ ခေါ်လာတဲ့ လူတွေကလည်းသဘောကျသည်။ စာပွဲထိုးမိန်းကလေးတစ်ယောက် ရောက်လာပြီး

"မင်္ဂလာပါရှင့်...ပေါ်ထပ်မှာအခန်းမှာထိုင်နိုင်သလို အောက်ထပ်မှာလည်းမှာလည်း ထိုင်လို့ရပါတယ်..."

"ဟိုအရှေ့ အဆာင်လေးမှာရောထိုင်လို့ရမလား"

"ရပါတယ်...ရှင့်" လီယိုထိုင်ပြီးတာနဲ့ မီနူးကြည့်ပြီး မှာစရာရှိတာတွေ မှာလိုက်သည်။ထမင်းစားနေတုန်း

"လီယို ဒီမှာသဘောကျတဲ့ မိန်းကလေးတွေ့နေပြီလို့ အန်ကယ်ဒန်နီပြောတယ် ဟုတ်လား"

"အင်း...."

"လီယိုလိုလူမျိုးကို ရင်ခုန်အောင်လုပ်နိုင်တဲ့ မိန်းကလေးကိုတွေ့တော့ တွေ့ဖူးချင်တယ်"

"......................"

"Wedding လုပ်ရင် ကျနော်တို့ကို ဖိတ်ဖို့မမေ့နဲ့နော်"

"အဲ့အချိန်အားလုံးကို ဖိတ်မှာပါ...မနက်ဖြန် flight က ဘယ်ချိန်လဲဗျ"

"မနက် (7) နာရီ...လီယို"

"ဒါဆို မနက်ကျနော်လိုက်ပို့ပေးပါမယ်"

"ဒါဆိုရင် ကျေးဇူးပါ"
_______________________________________

သွယ်တို့လည်း တီလေးမပြန်ခင် Hot Pot လိုက်ကျွေးမယ်ဆိုလို့ 'The One' ကိုရောက်နေကြသည်။

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now