အပိုင်း (၂၀)

786 25 0
                                    

"ခြယ်..."

"ကိုသတိုးတို့ပါလား..."

"ဘာလာဝယ်ကြတာလဲ...ခြယ်"

"BBQ လုပ်စားကြမလို့ လိုအပ်တာတွေ လာဝယ်ကြတာ..."

"အကိုတို့လည်း BBQ လုပ်စားဖို့ လာဝယ်တာပဲ"

"အော်...." ရှိန်းက

"ဒါဆို အတူတူစုပြီးလုပ်စားကြရအောင်..."

"............................." စိမ်းတို့လည်း အနားရောက်လာကြသည်။

"ကိုရှိန်းတို့ပါလား...ဈေးလာဝယ်ကြတာလား"

"အင်း...စိမ်း..."

"နင်တို့ အသားဝယ်ပြီးပြီလား..."

"မဝယ်ရသေးဘူး...ကိုရှိန်းတို့က သူတို့လည်း BBQ လုပ်စားမှာမို့ အတူတူလုပ်စားကြရအောင်ခေါ်နေကြလို့..."

"ကိုရှိန်းတို့က ဘယ်မှာလုပ်စားကြမှာလဲ..."

"သတိုးအိမ်မှာ...စိမ်း"

"ကိုသတိုးအိမ်မှာက မိဘတွေရှိတယ်မဟုတ်ဘူးလား"

"အကိုတို့က တစ်ယောက်ထဲနေကြတာ စိမ်းရဲ့"

"ဘယ်မှာနေကြတာလဲ....."

"Soro Hill (ဆိုရိုတောင်ကုန်း)..စိမ်း...."

"............................" Soro Hill ဆိုတော့ စိမ်းတို့ ဘာပြန်ပြောလို့ ပြောရမှန်း မသိဖြစ်သွားကြသည်။

"သတိုးအိမ်က အရမ်းမိုက်တာ ညနေခင်းဆို နေဝင်ဆည်းဆာကြည့်ရင်ရှယ်လှတာ"

"ဟို..........."

"အားနာနေစရာမလိုဘူး....လိုက်ခဲ့ကြပါ"

"သူဌေးတွေနေတဲ့နေရာကိုလိုက်ရမှာ တမျိုးတော့ ဖြစ်တယ်..."

"အခုမလိုက်လည်း...နောက်လိုက်ရမှာပဲလေ..." ရှိန်းစကားကြောင့် စိမ်းတို့တော်တော်ရှက်သွားကြသည်။

"လိုက်ခဲ့ကြမယ်မဟုတ်လား...ခြယ်..ကိုယ့်အိမ်ကို" ခြယ် ကျန်တဲ့ (၃) ယောက်ကိုလှည့်ကြည့်တော့ မေးငေါ့ပြနေကြသည်။

"အင်း...လိုက်ခဲ့ပါမယ်...."

"ဒါဆို ဝယ်စရာရှိတာလေးတွေ ဝယ်ပြီးသွားကြတာပေါ့..."

"ခြယ်တို့က အသားဝယ်ဖို့ပဲ ကျန်တော့တာ..တခြားလိုအပ်တာတွေဝယ်ပြီးပြီ..ကိုသတိုးတို့က ဘာမှမဝယ်ရသေးဘူးမဟုတ်လား..."

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now