အပိုင်း (၁၅)

756 21 1
                                    

"အန်တီ..."

"သမီးတို့ပါလား...လာကြလေ" ဒေါ်ရွက်ဝါနှုတ်ဆက်လိုက်တော့ အပေါက်ဝစီအကြည့်တွေရောက်လာကြသည်။သတိုးတို့လည်း

"သတိုး ခြယ်တို့က ဘယ်လိုလုပ်ပြီး ဒီအလှူအိမ်ကို"

"သူတို့နဲ့ သိလို့လာတာဖြစ်မှာပေါ့ကွ" ခြယ်တို့လည်းဝင်လာလိုက်ကြသည်။ဒေါ်သစ္စာက

"သမီးတို့ပါလား..."

"သစ္စာတို့နဲ့သိနေကြတာလား သမီးကြီးသူငယ်ချင်းတွေက"

"သိတယ် ရွက်ဝါရဲ့"

"အန်ကယ်တို့ အန်တီတို့ပါလား" ‌ဘေးဝိုင်းမှာထိုင်နေကြတဲ့ သတိုးတို့ကိုမြင်ပြီး

"ကိုသတိုးတို့ရော အလှူလာကြတာလား"

"ဟုတ်တယ်...ခြယ်"

"သမီးတို့ထိုင်ကြလေ..." ခြယ်တို့လည်းလွတ်တဲ့ဝိုင်းတစ်ခုမှာဝင်ထိုင်လိုက်ကြသည်။ ငှက်ခါးရောင်မြန်မာဝတ်စုံလေးတွေကို ဒီဇိုင်းမတူအောင်ဝတ်လာကြသည်။

"သမီးကြီးရေ...သမီးသူငယ်ချင်းတွေရောက်နေတယ်" ယုဝါလည်းထွက်လာလိုက်သည်။

"ခြယ်တို့...ရောက်လာကြပြီလား..."

"အင်း...."

"မုန့်ဟင်းခါးရော၊ အုန်းနို့ခေါက်ဆွဲရော ရှိတယ် နင်တို့ကြိုက်တာထည့်စားကြ အားနာစရာမလိုဘူး သိလား"

"မုန့်ဟင်းခါးပဲစားတော့မယ်....ယုဝါ"

"ငါထည့်ပေးမယ်..."

"ရတယ်..ယုဝါ..ငါတို့ဘာသာထည့်စားလိုက်မယ်..." စိမ်းက

"နင်ကောင်လေးနဲ့မိတ်ဆက်ပေးမယ်ဆို...ငါတို့ကို"

"နောက်မှဝိုင်းကူနေလို့..ငါသွားခေါ်လိုက်ဦးမယ်"

"အေး...သွားခေါ်..."

"နန္ဒာ နဲ့ သစ္စာ နင်တို့သားတွေ ငါ့သမီးသူငယ်ချင်းတွေကို ကြည့်လှကြီးလား"

"ငါတို့ပြောတဲ့ သူတို့စိတ်ဝင်စားတဲ့ မိန်းကလေးတွေဆိုတာ နင့်သမီးသူငယ်ချင်းတွေပဲ..."

"ဟုတ်လား..."

"အေး..."

"ကို ယုဝါ သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမလို့ လိုက်ခဲ့လေ"

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now