အပိုင်း (၃၄)

631 24 1
                                    

Meeting လုပ်နေရင်း MD ဝင်လာတာတွေ့တော့
မဝေ (Perfume ဌာန‌ခေါင်းဆောင်) က

"MD...." MD က ခါတိုင်း အလုပ်သင်တွေရြဲ Meeting ကိုလာလေ့မရှိပါဘူးဟု မဝေတစ်ယောက်စိတ်ထဲကနေပြောလိုက်မိသည်။ သတိုး ခြယ်တို့ကိုကြည့်လိုက်တော့ ရုံးတက်ဝတ်စုံလေးနဲ့ အတော်လှနေကြသည်။

"MD ဒီကို ဘာကိစ္စရှိလို့လဲ..."

"Meeting ကိုတစ်ချက်လာကြည့်တာပါ..."

သူရ (သတိုး၏အတွင်းရေးမှူး) ကတော့ 'သူ့ကောင်မလေးကို လာကြည့်တာ" ဟုစိတ်ထဲပြောလိုက်သည်။ MD ထိုင်နေတော့ မဝေ နဲ့ မဖြိုး မှာလဲ Meeting လုပ်တာမမှားရဲဘူးဖြစ်နေသည်။

"ကိုနေသတိုးက Suit နဲ့ပိုကြည့်ကောင်းသလိုပဲနော် ဇာခြည်..."

"ဟုတ်ပ အရပ်အမောင်း Bidy Structure ကလုံးဝပေါ်နေတာပဲ..."

"ကိုရှိန်းတို့ကိုလဲ Suit နဲ့တွေ့ဖူးချင်လိုက်တာ...ဘယ်လောက်တောင်ချောလိုက်မလဲ မသိဘူး..."

"ဟုတ်ပ...ဟယ်..."

Meeting ပြီးတာနဲ့ အားလုံးအသီးသီး ထွက်သွားကြသည်။
_______________________________________

ခြယ်တို့အခုဆို The Sun မှာအလုပ်သင်ဆင်းနေတာ (၁) ပတ်ကျော်ပြီဖြစ်သည်။ ဆိုင်ကိုကတော့ မဇာကို လုံးဝဖြစ်နေပြီဖြစ်သည်။ နေ့လည်စာ ထမင်းစာချိန်ရောက်တော့....

"မဖြိုး..."

"ဘာလဲပြောလေ....စိုးသူ"

"ဟိုဝိုင်းက ကောင်မလေးတွေက မ‌ဖြိုးတို့ဌာနက အလုပ်သင်ကောင်မလေးတွေ မဟုတ်ဘူးလား..."  ဖြိုးကြည့်လိုက်တော့ ခြယ်တို့ကိုပြောနေတာဖြစ်သည်။

"ဟုတ်လေ...."

"ဘာဖြစ်လို့လဲ..."

"ကျနော်တို့စိတ်ဝင်စားလို့ ကျနော်တို့နဲ့ မိတ်ဆက်ပေးလား..."

"ဖြိုးရေ မိတ်ဆက်ပေးရင် ငါဌာနက ကောင်တွေကိုပါ မိတ်ဆက်ပေးလိုက်စမ်းပါ..."

"ဘာလို့လဲ မဝေ..."

"သူတို့လည်း စိတ်ဝင်စားနေကြလို့လေ..."

"အော်..."

"သူတို့စိတ်ဝင်စားမယ်ဆိုလည်း စိတ်ဝင်စား‌စရာပဲလေ သူတို့ (၄) ယောက်လုံးက တော်တော်လေးလှကြတယ်..."

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now