ကမ်းနားကညဈေးရောက်တာနဲ့ ဆိုင်ကယ်အရင်အပ်လိုက်ကြသည်။
"သွားကြရအောင်..."
"စိမ်း အာပူလျှာပူ နဲ့ တုတ်ထိုး စားပြီးရင် ကြံရည်ဖြစ်ဖြစ် မစ်ရှိတ်ဖြစ်ဖြစ်သောက်ရအောင်"
"အဲ့အကြံမဆိုးဘူး...သွယ်..."
"သွယ်....." နာမည်ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့
"ကိုလီယိုတို့ပါလား....."
"ဘယ်..လာကြတာလဲဗျ"
"သွယ်တို့ မုန့်လာစားကြတာ ကိုလီယို..."
"အကိုက မအားလို့ဆိုင်ဖွင့်ပွဲမလာဘူးထင်နေတာ အခုတော့..."
"သွယ်တို့က အခုမှဆိုင်ကပြန်လာကြတာ ကိုလီယိုရဲ့..."
"Sorry...သွယ်...."
"ရပါတယ်...ကိုလီယိုရဲ့...ဒါဆိုသွယ်တို့ သွားလိုက်ဦးမယ်" ရှိန်းတို့ကလီယိုက မျက်စပစ်ပြနေကြသည်။
"မုန့်မဝယ်ကျွေးချင်လို့ အကိုတို့ကိုမခေါ်တာလား..."
"မဟုတ်ပါဘူး...သွယ်တို့က အာပူလျှာပူ နဲ့ တုတ်ထိုး သွားစားကြမှာ...ကိုလီယိုတို့က စားနိုင်လို့လား" ရှိန်းကနေပြီး
"စားနိုင်ပါတယ်..." စိမ်းက
"စားနိုင်တယ်ဆိုလည်း လိုက်ခဲ့ကြလေ ကိုရှိန်း" သူမတို့ (၄) ယောက်ရှေ့ကထွက်သွားပြီး ရှိန်းတို့ကနောက်က လိုက်ခဲ့ကြသည်။လီယိုက
"ဟိတ်ယျောင့်တွေ...ကမ်းနားလမ်းကို လာဖို့ငါအကြံပေးတာဆိုတော့ အခုကျေပြီ"
"အေး..." သွယ်တို့ကလစ်ဆိုင်ရှေ့မှခဏရပ်လိုက်ကြသည်။
"ကလစ် ဝယ်ကြမလို့လား သွယ်"
"ဟုတ်တယ်... ကိုလီယို...မုန့်စားရင် ဆံပင်နဲ့ အဆင်မပြေလို့လေ...." နှင်းက
"ဒါလေးယူကြရအောင်..."
"အေး...."
"ဘယ်လောက်ကျလဲ အန်တီ"
"(.......) ကျတယ် သမီး"
"ကိုလီယိုတို့က အာပူလျှာပူ အသုပ်စားမှာလား၊ ဒီတိုင်း အာပူလျှာပူပဲ သောက်မှာလား"
"ဒီတိုင်း အာပူလျှာပူပဲ စားတော့မယ်" ဆိုင်ရောက်လာတော့
"တုတ်ထိုး စားချင်ရင် ဒီမှာရွေးလို့ရတယ်နော် ကိုလီယိုတို့"
YOU ARE READING
New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)
Romanceဒိတ်ဒိတ်ကြဲ ချမ်းသားတဲ့ သူဌေးသား (၄) လေးယောက် နဲ့ ကိုယ်မှန်တယ်ထင်ရင် ဘာမှဂရုမစိုက်တတ်ကြပဲ Fashion Designer ဖြစ်ဖို့ကြိုးစားနေကြတဲ့ ကောင်မလေး (၄) လေးယောက်တို့ကြားမှာ ဖြစ်ပေါ်လာမယ့် ခေတ်သစ် ချစ်ပုံပြင် တစ်ပုဒ်