အပိုင်း (၇)

858 27 0
                                    

ခြယ်တို့အုပ်စုလည်း ကျောင်းပိတ်လို့ နားနေကြသည်။ ဒီနေ့တော့ အပြင်မထွက်ရတာလည်း ကြာပြီဖြစ်လို့ ထွက်လာလိုက်ကြသည်။

"ဟိတ်ယျောင့်တွေ....ဟိုမှာ....." ရှိုင်းပြောလို့ကြည့်လိုက်ကြတော့ သူတို့ရင်ခုန်သံလေးတွေဖြစ်နေသည်။နှင်းတို့အုပ်စုလည်း ရှိုင်းတို့ အုပ်စုရဲ့ အနောက်ဝိုင်းမှာထိုင်လိုက်ကြသည်။

"ကျောင်းပိတ်ထားတော့လည်း ပျင်းစရာကောင်းလိုက်တာနော်..."

"ဟုတ်ပ.....ဟယ်...."

"မိခြယ်တို့ကတော့ ပျင်းဖို့နေသာသာ အားတဲ့အချိန်တောင်သိပ်မရှိဘူး"

"ဘယ်ရှိမလဲ အမေက ပိုးထည်၊ချည်ထည် အ‌ရောင်းဆိုင်၊ သမီးက အမေ့မှာ လာဝယ်တဲ့ သူတွေကိုချုပ်ပေး အလုပ်ဖြစ်နေတာသူက"

"ငါက Fashion Major တက်ပြီး လက်တွေ့ အသုံးချနေတာလေ နင်တို့ကသာ ဘာမှမလုပ်ပဲ စာအုပ်ထဲပဲ ထားတာ မဟုတ်ဘူးလား"

"အေးပါဟယ်...အေးပါ"

"ဒုတိယနှစ်ရောက်ရင် အထူးပြု ရွေးရမယ်မဟုတ်ဘူးလား"

"အေး..."

"နင်တို့ ဘာယူကြမှာလဲ"

"ငါ Shoes ဘက်သွားမလာလို့ စဉ်စားနေတာ"

"Shoes က နင်နဲ့ လိုက်တယ် နှင်း "

"စိမ်းနင် ကရော...."

"ငါက Bags ယူမလို့ စဉ်စားထားတယ်"

"သွယ် နင်ရော...."

"ငါ Jewellery ယူမလားလို့"

"ငါကိုရော နင်တို့ မမေးကြတော့ဘူးလား"

"နင့်ကိုက မေးစရာမလိုဘူး Clothing ဆိုတာ ငါတို့သိပြီသားပဲ မိခြယ်"

"နင်ပဲ ပြောလိုက်တော့ စိမ်း"

"ငါတို့ အိပ်မက်တွေကို ဆက်ပြီးအကောင်အထည်ဖော်နိုင်ဖို့ဆိုရင် အခုထဲက ပိုက်ဆံရှာထားမှရမှရမယ်..."

"ခြယ်ပြောတာ ငါလည်းလက်ခံတယ်"

"ငါတို့ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ဆိုရင် အခုထဲက ပိုက်ဆံရှာထားမှ အဆင်ပြေမှာ"

"ဟုတ်တယ် နိုင်ငံခြား ကျောင်းတက်ဖို့ကိစ္စက အိမ်ကိုတော့ အပူမပေးချင်ဘူး"

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now