အပိုင်း (၃၀)

1.1K 23 5
                                    

"ဟိုကဆင်းလာကြတာ...နေသတိုးတို့အုပ်စုမဟုတ်ဘူးလား..."

"ဟုတ်တယ်ကွ..."

"သတိုး..."

"ပြည့်စုံ..."

"အပန်းဖြေလာကြတာလား..."

"အင်း...မင်းတို့ရောရောက်တာကြာပြီလား..."

"ငါတို့က (၅) ရက်လောက်ရှိပြီရောက်နေကြတာ.."

"ကြာပြီပဲရောက်နေကြတာ..."

"အေး..." ခြယ်တို့ကတော့ လိုအပ်တာတွေ Market ထဲလိုက်ဝယ်နေကြသည်။ ပြည်စုံက သတိုးအနားကပ်ပြီး...

"မင်းတို့‌တွေ အဖြရသွားကြပြီပေါ့..."

"အေး...."

"ငါကောင်တွေ ငှက်ပျောတုံးမဖက်ရတော့ဘူးပဲ..."

"ဖက်စရာလားကွာ..."

"မင်းတို့ The Sun Hotel မှာတည်းကြမှာလဲ..."

"မဟုတ်ဘူး...ငါ့ Villa (အပန်းဖြေစံအိမ်) ဒီမှာရှိတယ်..."

"မင်းကမိုက်လှကြီးလား...သူဌေးဖြစ်နေပြီပဲ.."

"မသူဌေးပါဘူးကွာ..."

"ထားပါတော့...ငါတို့လည်း ထွက်လာတာကြာနေပြီ သွားလိုက်ဦးမယ်..."

"နောက်တွေ့ကြတာပေါ့..." သတိုးလည်း ခြယ်တို့ ဈေးဝယ်နေကြတဲ့ နားကိုသွားလိုက်သည်။ Galin Market မှာ အသီးအနှံတွေကို organic နဲ့ inorganic ဆိုပြီးခွဲရောင်းသည်။ ပြီးတော့ အသက် (၁၃) နှစ်ထိကလေးတွေ Free စားလို့ရတဲ့ သစ်သီးစင်လေးတစ်ခုလည်း ထားရှိပေးထားသည်။ စိမ်းတို့တွေ ဒီကအသီးအနှံတွေရောင်းတဲ့ပုံစံကို သဘောကျနေကြသည်။ လိုအပ်တာတွေဝယ်ပြီးတော့ သတိုးရဲ့ Villa (အပန်ဖြေစံအိမ်) ကို ခရီးဆက်ကြသည်။
_______________________________________

သတိုးရဲ့ Villa (အပန်းဖြေစံအိမ်) လေးက သစ်ပင်တွေပတ်ပတ်လည် ဝိုင်းနေတဲ့အလယ်မှာ တည်ရှိနေသည်။ စံအိမ်လေး အတော်လေးကို နေချင်စဖွယ်ဖြစ်သည်။

"လူလေးတို့ လာမယ်ဆိုလို့ အဘ စောင့်နေတာ.."

"ဒါက စံအိမ်ကို စောင့်ရှောက်ပေးနေတဲ့ အဘဖိုးစိန် နဲ့ ကြီးကြီးနု တို့လင်မယား..."

"တွေ့ရတာ ဝမ်းသာပါတယ် အဘ နဲ့ ကြီးကြီး..."

"ကြီးကြီးတို့ကလည်း ဝမ်းသာပါတယ်ကွယ်..."

New Age Love Story (ခေတ်သစ် ချစ်ပုံပြင်)Where stories live. Discover now