ညတစ်ညရဲ့တိပ်ဆိပ်သံဟာ အသာယာဆုံးဖြစ်ပေလိမ့်မည်။လူတွေအိပ်ချိန်ဆိုတော့လဲ အလွန်ကိုတိပ်ဆိပ်ပြီး ညချမ်းရဲ့လေထုကလဲ အေချမ်းလှသည်။
"သမုအတ္တညို မင်းမပြန်ချင်ရင်လဲ ငါ့ကိုတော့အိမ်ပြန်ပို့ပေး..."
"နေပါအုံး! ခေတ်သွေးရာ မင်းကလဲ ဒီလောက်လှတဲ့ ညလေးကို ဒီအုပ်ခုံလေးမှာကြည့်ရတာ ဘယ်လောက်အရသာရှိလိုက်လဲ! !!"
သမုအတ္တညို နဲ့ တိမ်လွှာခေတ်သွေးဆိုတဲ့ ကောင်လေးနှစ်ယောက်က အသိုင်းဝိုင်းချင်းလဲမတူသလို ဘဝပုံစံ အခြေအနေလဲမတူ နေထိုင်မှုလဲမတူနေထိုင်ကြသည်။
သမု က အထက်တန်းကျကျရှိပြီးချမ်းသာတဲ့အသိုင်းဝိုင်းကမွေးဖွားသူ။သမုမှာ မေမဒီညိုဆိုတဲ့ညီမလေးတစ်ယောက်လည်းရှိတယ်။
ခေတ်သွေးကတော့ ဆင်းရဲသည်လဲမဟုတ်အလယ်အလတ်လောက်ပေါ့ ။ သို့ပေမဲ့ သမုမိသားစုနဲ့ရှင်ရင် ခေတ်သွေး တို့က ဘာမျှမဟုတ်ပေ။
သမု က ကျစ်ကန်ကန်နဲ့ ခေတ်သွေးအပေါ်ကိုအမြဲအနိုင်ယူတက်သည်။ခေတ်သွေးနဲ့စကားများရင်လဲ သမုကပဲ မနေနိုင်လိုက်ချော့ရသည်။ခေတ်သွေးက ပါးချိုင်းလေးနှစ်ဖက်ပေါ်သည်အထိရီမှ စိတ်ဆိုးပြေသည်ဆိုတာကိုသမုမှတ်ထားမိသည်။
"သမုအတ္တညို ! မင်းငါ့ကိုပြန်ပို့ပေးတော့ကွာ!"
"အင်းပါ ! ကိုကို အချစ်ကပြန်ချင်ပြီဆိုတော့ ကိုကိုက ပြန်ပို့ရမှာပေါ့! !!"
"သမု! !!ခွေးကောင် စကားကို"
"ဘာဖြစ်လဲ! စကားကို ! ဆက်ပြောလေ ဟားဟား! !!"
သမုက ခေတ်သွေကို မထိတထိကြည့်ကာ ရီနေတာကြောင့် ခေတ်သွေး သမုအတော်ပင်ကြည့်မရ ဖြစ်လာသည်။
စိတ်ဆိုးဆိုးနဲ့ အုပ်ခုံပေါ်ကနေဆင်းကာ ပါလာသည့် စက်ဘီးအနက်ကလေးကိုတွန်းကာ အရှေ့ကနေထွက်သွားသည်။ခေတ်သွေးကိုကြည့်ပြီး စိတ်ဆိုးသွားပြီဆိုတာ သိတဲ့ သမုလဲ အပြေးလေးလိုက်ကာ ချော့ရတော့သည်။
"ခေတ်သွေး...စောင့်အုံး ဟ့ ! စိတ်ဆိုးသွားတာလား! !!"
"ဖြေအုံးလေကွာ ! ငါ ဘာလုပ်မိလို့လဲကွာ "