"ကျွန်"(Part-1)

1.3K 25 0
                                    

Unicode

ရာသီဥတုက အုံ့မှိုင်းကာနေသည်။ လေစိမ်းတွေကလည်း ကြမ်းတမ်းစွာပင် အလျင်အဟုန်ဖြင့် တိုက်ခတ်နေသည်။မနက်ခင်းရယ်လို့ ကျေးငှက်သာရကာအသံတွေနဲ့ သာယာနေရမယ့်အစား ခမ်းနားထည်ဝါလှတဲ့စံအိမ်ကြီးအတွင်းမှ အလိုမကျစွာ ထွက်ပေါ်လာသော ဒေါသသံနဲ့အတူ နေ့သစ်တစ်ခုအား ကြိုဆိုပြုလိုက်ပုံက ဒီလိုပင်။

"ခွမ်းး" ခနဲဟူသောအသံနှင့်အတူ တန်ဖိုးကြီးမားသောပန်းကန်ပြားတစ်ချပ်က ကြမ်းပြင်ပေါ်သို့ အစိပ်စိပ်အမြွှာမြွှာကွဲကြေခဲ့သည်။ ထိုကဲ့သို့ပြုမူသူမှာ တခြားသူမဟုတ်။ "မဟာ"ဆိုတဲ့ စံအိမ်တော်ကြီး၏ ပိုင်ရှင်တစ်ဖြစ်လဲ "ဒေါ်ဒေဝီထိပ်ထား"ဟူသော သက်လတ်ပိုင်းအရွယ်သာရှိသေးသည့် မိန်းမတစ်ဦးပင်။

"ငါ့ရဲ့မနက်စာပန်းကန်ပြားကို ကိုင်ရလောက်တဲ့အထိ နင်က အဆင့်သိပ်ရှိနေသလား"

"သခင်မရယ် အဲ့လိုမဟုတ်ပါဘူး။ကျွန်တော်မျိုးက ဒီအတိုင်း..."

"တိတ်စမ်းးးး နင်က ငါ့ယောက်ျားဆိုပေမယ့် နင်က ငါ့အရှက်အတွက် ဝယ်ထားရတဲ့ 'ကျွန်' တစ်ယောက်ထပ်ဘာမှပိုမနေဘူး"

"တောင်းပန်ပါတယ် သခင်မရယ်။ ကျွန်တော်မှားသွားပါတယ်။ နောက်တစ်ခါ ဒီလိုမျိုးထပ်ပြီး မဖြစ်စေရပါဘူး"

"တော်ပြီ တော်ပြီ နင်က လုပ်ချင်ရာ လုပ်ပြီးတိုင်း တောင်းပန်ဖို့ပဲသိတာလား ဟမ်"

"အဲ့လိုလည်း မဟုတ်ရပါဘူး ကျွန်တော်ဘာလုပ်ပေး...."

"အခုချက်ချင်း ငါ့ဖိနပ်ကို သွားယူပြီး ငါ့ခြေထောက်မှာ စီးပေးစမ်း!!!"

"ဟုတ်ကဲ့ပါ သခင်မ" ဟုဆိုကာ စံအိမ်ကြီး၏အောက်ထပ်သို့ ပြုတ်မကျရုံတမယ် လှေကားကနေအပြေးတပိုင်းဆင်းသွားပြီး အနီရင့်ရောင်ကတ္တီပါခြေညှပ်ဖိနပ်အမြင့်လေးတစ်ရံကို ယူဆောင်ပြီးအပေါ်သို့ မြန်စွာ တက်ခဲ့သည်။သို့သော်

"ဟဲ့!!! ဒီမှာ ကြည့်စမ်း ငဦး။ နင့်မှာမျက်လုံးမပါဘူးလား"

"ငါဝတ်ထားတာ မြစိမ်းရောင် နင်ယူလာတာက အနီရောင်။ နင့်လောက်တုံးတဲ့ 'ကျွန်' ကို ငါတစ်ခါမှ မမြင်ဖူးဘူး"

"ကျွန်"[Completed]Where stories live. Discover now