Unicode
လူချမ်းသာတွေချည်း ချိန်းရိုက်ကြသည့် ဖဲဝိုင်းသည် သာမန်အရပ်ဖဲဝိုင်းများထက် ကြေးကြီးသလို၊ ရိုက်တဲ့သူများကလည်း ခေသူများမဟုတ်။ အထူးသဖြင့် ဖဲဂျိုးဟုခေါ်သောသူများနှင့် ဖဲဝိဇ္ဇာတွေကများသည်။ ထို့ကြောင့် ဝိုင်းက စည်လှသည်။
ဖဲရိုက်သူများမှာလည်း လုပ်ငန်းပိုင်ရှင်သူဌေးများ၊ ဟိုတယ်ပိုင်ရှင်များ၊ ကျောက်မျက်ရတနာပွဲစားကုန်သည်များစသဖြင့် အလွှာစုံလှသည်။ ရဲများကိုလည်း လာဘ်ပေးထားတာကြောင့် အဖမ်းခံရဖို့က လမ်းမရှိ၊ တစ်ခါတစ်လေဆို အကောင်ခပ်ကြီးကြီးဌာနမှူးများပင် ဝိုင်းထဲပါတတ်သည်။
ထိုကဲ့သို့သော ဖဲဝိုင်းထဲတွင် ဒေါ်ဒေဝီက ဖဲဝိဇ္ဇာမဟုတ်သော ဖဲဂျိုး(ခ)ဖဲကို စွဲနေသူတစ်ယောက်အနေနဲ့ ပါဝင်လျက်ရှိသည်။ အိမ်ပင်မပြန်နိုင်သည်အထိ ဖဲကို ညလုံးပေါက်ရိုက်သည်။
ရှုံးလျှင်လည်း ရှုံးမဲ,မဲကာ ရိုက်တတ်သလို နိုင်ပြန်လျှင်လည်း တစ်ဝိုင်းလုံးက ပိုက်ဆံကို အပိုင်သိမ်းပြီးမှ ပြန်ချင်သည်။ သူမ၏လောဘဉာဉ်လေးက အတော်မသတ်နိုင်သဖြင့် ညလုံးပေါက်သည့်ညတွေဆိုတာ ခပ်များများ။
အရင်ကတော့ သားသိမှာစိုးသဖြင့် ပါသမျှပိုက်ဆံကုန်သည်နှင့် ချက်ချင်းထပြန်တတ်သော်လည်း ယခုမှာမူ ဖဲလေးကစွဲလာသဖြင့် သားမသိသေးသရွေ့ အေးအေးလူလူပင်ဖြစ်သည်ဟုတွေးကာ ဆိုင်ကိုပင် မသွားနိုင်လောက်သည်အထိ ဖဲရိုက်သည်။
“ဒေဝီရေ တို့ဝိုင်းထဲ လူသစ်ဝင်မယ်တဲ့၊ ဘယ်လိုလဲ ဖြစ်ရဲ့လား”
“ဘာလို့မဖြစ်ရမှာလဲ ကေသီရယ်၊ ဖြစ်တာပေါ့....ကဲ မစိန်ရော သဘောတူလား"
“အို တူတာပေါ့ မစိန်တို့က အမြဲ welcome ပါနော်”
“ကိုသီဟ လာ၊ ဒေဝီကတော့ ဒီကဝိုင်းတွေမှာ ညလုံးပေါက်နေကျရှင့်။ အခုလည်း ဒိုင်ကိုင်နေတာ"
“ဪ ဒေဝီဆိုတာ ဟို Royal Shoes Center ကိုပိုင်တဲ့ သူဌေးမ,မဟုတ်လား”
“ဟုတ်တာပေါ့ရှင် အဲ့တာတွေထားပါ၊ အသစ်ဆိုတော့ ဆော့တတ်ပါ့မလား"
YOU ARE READING
"ကျွန်"[Completed]
Nonfiksiဘုန်းနေခ 🤍 နေသူရိန် Bhone Nay Kha 🤍 Nay Thu Rein ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များ၊ဇာတ်ကွက်များနှင့် အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးဖြင့်သာ ပုံဖော်ဖန်တီးထားပါသဖြင့် လက်တွေ့ဘဝနှင့်ယှဉ်လျှင် ယုတ္တိရှိချင်မှ ရှိပါလိမ့်မည်။ အမှားများ ပါဝင်ခဲ့သည်...