Unicode
စင်ကာပူမှမြန်မာနိုင်ငံသို့ ပြေးဆွဲသောလေယာဉ်ပျံတစ်စင်းသည် ရပ်တန့်ရန်အလို့ငှာ အရှိန်ကိုလျှော့၍ ၎င်း၏သက်ဆင်းရာ မြေပြင်ပေါ်သို့ တဖြည်းဖြည်းဆိုက်ရောက်လာခဲ့သည်။
လေယာဉ်ဆင်းသက်သွားသဖြင့် လေယာဉ်ပျံပေါ်တွင်ပါရှိသော လေယာဉ်မယ်လေးများမှ ချိုသာသောအပြုံးများဖြင့် မြန်မာပြည်ကို ရောက်ရှိကြောင်း အသိပေးလေသည်။
လေယာဉ်ပျံ၏ပြတင်းပေါက်နေရာတွင် ထိုင်၍လိုက်ပါလာသော အရပ်ရှည်ရှည် အသားဖြူဖြူနှင့် ကြည့်ကောင်းလှသော ပျိုတိုင်းကြိုက်နှင်းဆီခိုင်ကောင်လေးတစ်ယောက်လည်း အပျင်းတစ်ချက်ဆန့်ရင်း "ဪ မြန်မာမြေကိုတောင် ပြန်ရောက်လာပြီပဲ" ဟု တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။ထိုကောင်လေးသည် ဘုန်းနေခပင်။
ဘုန်းနေခတစ်ယောက် လေယာဉ်ပေါ်မှဆင်းကာ luggage တစ်လုံးကိုဆွဲလာရင်း အပေါ်ထပ်coatကိုလည်း ချွတ်ပြီး လက်တစ်ဖက်ဖြင့်ကိုင်ထားလေသည်။ မသိလျှင် သူသည် တကယ့်ကိုမှ ကိုရီးယားမင်းသားများကဲ့သို့ပင်။
ဘုန်းနေခလည်း လေယာဉ်ကွင်းတွင် လုပ်စရာရှိသည်များကို လုပ်ပြီး သူ၏မိခင်လာကြိုမည်ဆိုသောကြောင့် ဧည့်ကြိုများစောင့်ရာနေရာသို့ မျက်လုံးဝှေ့ကြည့်လိုက်လျှင် "ဟော တွေ့ပါပြီ သူ့မေမေကို"။
ဘုန်းနေခလည်း အမေကိုတွေ့ပေမယ့် အမေကတော့ သူ့ကိုမတွေ့သေးပေ။ ထို့ကြောင့် ပြုံးလိုက်မိသည်။သူပြုံးမိတာလည်း မပြောနဲ့လေ။ သူ့အား လာကြိုသောသူ၏မိခင်မှာ မသိသောသူဆိုလျှင် ကလေးတစ်ယောက်အမေဟုမထင်ဘဲ အပျိုကြီးတစ်ဦးဟု ထင်နိုင်တာကြောင့်ပင်။
မေမေသည် လက်ပံရောင်နီရောင် တန်ဖိုးကြီးဇာဝမ်းဆက်ကို အထက်အောက်ဆင်တူဝတ်ဆင်ထားပြီး နောက်တွဲဆံထုံးလေးထုံးထားက နှင်းဆီပန်းပုံစံဆံထိုးလေးတစ်ခုကို ပန်ဆင်ထားသည်။ ပြီးတော့ လက်တွင်လည်း ရွှေသားအတိပြီးသော ပိုက်ဆံလေးနှင့် ဖိနပ်မှာလည်း အနီရောင်များပင်ဖြစ်သည်။
ထိုသို့ရဲရဲနီနေသော အလှတရားသည် တခြားသူတွေနဲ့ဆို အကျည်းတန်နိုင်ပေမယ့် မေမေကတော့ ဖြူလှသောအသားအရည်၊ပြေပြစ်သော ကိုယ်ခန္ဓာအချိုးအစားနှင့်အတူ လွန်စွာမှကျက်သရေရှိကာ လှပနေလေသည်။ထိုသို့သော အမျိုးသမီးသည် သူ၏မိခင်တစ်ယောက်ဖြစ်နေခြင်းကို သူအလွန်ဂုဏ်ယူရသည်၊ နှစ်သက်ရသည်သာ ဖြစ်သည်။
YOU ARE READING
"ကျွန်"[Completed]
Non-Fictionဘုန်းနေခ 🤍 နေသူရိန် Bhone Nay Kha 🤍 Nay Thu Rein ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များ၊ဇာတ်ကွက်များနှင့် အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးဖြင့်သာ ပုံဖော်ဖန်တီးထားပါသဖြင့် လက်တွေ့ဘဝနှင့်ယှဉ်လျှင် ယုတ္တိရှိချင်မှ ရှိပါလိမ့်မည်။ အမှားများ ပါဝင်ခဲ့သည်...