"ကျွန်"(Part-34) [Final]

521 5 0
                                    

Unicode

မနက်စောစောထလေ့မရှိတဲ့ မောင့်ကို မနက်ငါးနာရီထိုးအတိမှာ နှိုးဖို့အတွက် သူကအရင်ကြိုပြီး ထလိုက်သည်။ အရင်လို တိုက်ခန်းမှာမဟုတ်ဘဲ သူတို့‌အခုနေနေတဲ့နေရာက မောင်တို့ရဲ့ဘိုးဘွားပိုင်စံအိမ်ကြီးဖြစ်သည်။‘မဟာ’စံအိမ်ကြီးက ကြီးမားကျယ်ဝန်းတဲ့အလျောက် အေးချမ်းတိတ်ဆိတ်ပြီး နေလို့ကောင်းသည်။အရင်လို အလုပ်သမားတွေမရှိဘဲ သူတို့နှစ်ဦးသာရှိတာကြောင့်လည်း ပါလိမ့်မည်။ ဒါပေမယ့် မောင့်အိမ်ကြီးက ရှေးဟောင်းလက်ရာအိမ်ကြီးမို့ သူ့အလုပ်အတွက်လည်း သွယ်ဝိုက်ပြီး အထောက်အကူပြုသည်။ Tourist Guideတစ်ယောက်မို့ လာသည့် client ထဲမှာ foreigner တွေဆိုလျှင် ဘယ်နေရာမှ မသွားသေးခင် သူတို့အိမ်ကိုအရင် ရောက်လာလေ့ရှိသည်။

ဒီစံအိမ်ကြီးကို မောင့်ရဲ့အမေက သူတို့နှစ်ဦးအတွက် မင်္ဂလာလက်ဖွဲ့အနေနဲ့ ပေးသွားခဲ့ခြင်းဖြစ်ကြောင်း တွေးမိတော့ အခုချိန်ထိ အိပ်မက်လိုခံစားနေရပြီး ယုံတောင် မယုံ‌နိုင်သေး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်က အိမ်ကြီးပေါ်မှ နေ,နေပြီမို့ အိပ်မက်မဟုတ်ဘူးဆိုတာတော့ သေချာသည်။

“မောင်....ထတော့လေ”

“.......”

“မောင်ရေ ထတော့လို့၊ ဒီနေ့စောစောထမယ်လို့ ကတိပေးထားတယ်လေကွာ”

“.......”

သူရိန်နှိုးနေပေမယ့် ‌သူ့ရဲ့မောင်ကဖြင့် တုပ်တုပ်တောင် မလှုပ်ပေ။ အိပ်ရာဝင်တာနောက်ကျပြီး မထနိုင်တာလို့ပြောရအောင်လည်း မောင်က မနေ့ညက သူ့ထက်အရင်အစောကြီး အိပ်ရာဝင်ခဲ့တာမို့၊ နေတွေဘာတွေများ မကောင်းလို့လား။ လက်စနဲ့မထူးဘူးဆိုပြီး မောင့်နဖူးကို စမ်းရန်လုပ်လိုက်စဉ် လက်ကောက်ဝတ်ကို အဆွဲခံလိုက်ရပြီး အိပ်ရာထက်ကို ပြန်လဲကျသွားရသည်။

“အာ မောင့် ဘာလုပ်တာလဲကွာ ထပါဆို”

“အင်း... ထမယ် ငါးမိနစ် ငါးမိနစ်ပဲ”

“ဟင့်အင်း ကြောက်တယ် မဖြစ်ဘူး မောင့်ငါးမိနစ်က ငါးနာရီလောက်ကြာတယ်ကွ!”

သူရိန်အကြောက်အကန်ငြင်းမိသည်။ ဟိုတစ်လောက ကိစ္စတွေပြီးကတည်းက မောင်က အချစ်ကြမ်းလာတာဖြစ်တာသည်။ ပြောရရင် သူ့အမေနဲ့ကိုယ့်ကြားက အဆင်မပြေမှုတွေမရှိတော့တာကြောင့် မောင်လည်း အများကြီးပေါ့ပါးသွားမှာ အမှန်ပင်။ ကိုကိုနဲ့မီးမီးတို့ကလည်း လက်ထပ်ပြီးကြပြီမို့ အရာအားလုံးက အဆင်ပြေပြေနဲ့ ပြီးသွားခဲ့ပြီ။ အခုတောင် သူတို့နှစ်တွဲရဲ့ ဟန်းနီးမွန်းခရီးစဉ်အတွက် ခရီးထွက်ရန် မောင့်ကို နှိုးနေရခြင်းဖြစ်သည်။ ဒီခရီးစဉ်အတွက်ရွေးထားတာက သူ့ရဲ့မွေးရပ်ဇာတိလည်း ဖြစ်သလို မောင်နဲ့ဖူးစာပါခဲ့တဲ့ ပုဂံမြေကို ဖြစ်သည်။ မီးမီးကလည်း သူတို့အတွဲနဲ့အတူ double date လုပ်ချင်တယ်ဆိုသဖြင့် သူတို့အတွဲအပြင် မီးမီးတို့လည်း ပါမှာဖြစ်သည်။ ဒါပေမယ့် မီးမီးတို့က ရှေ့တစ်ရက်ကြိုပြီး ရောက်နေတာဖြစ်သည်။

"ကျွန်"[Completed]Where stories live. Discover now