"ကျွန်"(Part-15)

210 8 0
                                    

Unicode

ဒီနေ့တော့ ပုဂံမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေနဲ့အထင်ကရနေရာတွေကို သူရိန်လိုက်ရှင်းပြရမှာဖြစ်သည်။ အရင်ဦးဆုံး စွယ်တော်လေးဆူကို သွားမည်ဟု ဆုံးဖြတ်ထားတာကြောင့် ထနေကျပုံမှန်အချိန်ထက်စောပြီး မနက်ငါးနာရီအတိတွင် ထလိုက်သည်။ နေခကိုလည်း နှိုးရမှာမို့ သူက အရင်ကြိုထပြီး ရေချိုးခန်းသုံးတာဆိုလည်း မမှား။ ကိုယ်လက်သန့်စင်ပြီး အဝတ်လဲလိုက်ပြီးမှ နေခကို နှိုးလိုက်သည်။ ထိုကောင်လေးညက အိပ်ရော အိပ်ရဲ့လားမသိပေမယ့် အခုတော့ ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေသည်။

“နေခ....နေခ"

“.....”

“နေခ ထတော့ ထ ထ"

“ဟင်"

“ဟင် မနေနဲ့ စွယ်တော်လေးဆူကို ဖူးဖို့ဆိုရင် နေ့လည်ဆယ့်နှစ်နာရီမကျော်ခင် လေးဆူလုံးကို ဖူးရမှာကွ၊ ထ ထ"

“ဪ အင်း၊ ထပြီ ထပြီ။ ဒီနေ့လည်း ပုဆိုးငှားဦးနော်၊ ဝတ်တော့ ဝတ်တတ်သွားပြီ"

“ငှားတာတော့ ထားပါတော့၊ ငါမငှားလည်း မင်းက အရှက်ရှိတဲ့ကောင်မှ မဟုတ်တာ။ အေး ထပ်ပြီးဝတ်ပေးခိုင်းရင်တော့ ငါတကယ်လုပ်တော့မှာ မင်းကို”

“အဲ့တာကြောင့် ဝတ်တတ်သွားပါပြီဆို ဆန်းရယ်”

“အင်း အင်း ပြီးရော၊ မြန်မြန်သွားပြင်ဆင်တော့”

“ဟုတ်"

လေးဆယ့်ငါးမိနစ်လောက်ရှိနေပြီ၊ နေခဆိုတဲ့ ကောင်လေးက ထွက်မလာသေး၊ဘာများလုပ်နေတာပါလိမ့်။ မြန်မြန်လုပ်လို့ပြောလိုက်တာတောင် ကြာနေတာကြောင့် သူရိန်စိတ်မရှည်တော့ပါ။ ထို့ကြောင့် ရေချိုးခန်းတံခါးကို ခေါက်ရင်း အသံပြုလိုက်သည်။

***ဒေါက်...ဒေါက်...ဒေါက်***

“နေခ နေခ!”

“........”

“ငါခေါ်နေတာ မကြားဘူးလား နေခ"

“.......”

“နေခ! ဘာလို့ ပြန်မဖြေတာလဲ၊ မင်းဘာဖြစ်နေ.....”

ချပ်ခနဲ တံခါးဖွင့်သံနဲ့အတူ အပေါ်ပိုင်းဗလာနှင့် အောက်ပိုင်းကို သပတ်,ပတ်ထားသည့်လူက နေခရယ်ပါ။ ခေါင်းမှာလဲ ရေတွေစိုရွှဲနေပြီး shampoo နံ့က ထောင်းခနဲမို့ မွှန်တောင် မွှန်သွားသည်။

"ကျွန်"[Completed]Where stories live. Discover now