"ကျွန်"(Part-6)

266 8 0
                                    

Unicode

ပုဂံကို ခရီးထွက်ဖို့ စီစဉ်ထားတာကြောင့်  လိုအပ်သည့်ပစ္စည်းများကို မဝယ်ခင် မေမေနဲ့ပြောထားတဲ့အတိုင်း Tourist Guideကို အရင်ငှားရမည်။ ထို့ကြောင့် နာမည်သိပ်ကြီးနေတဲ့ နေသူရိန်ဆိုတဲ့သူကို ငှားဖို့အတွက် ထိုလူရဲ့ရုံးခန်းရှိရာသို့ အရင်စုံစမ်းထားရသည်။ အခုလိပ်စာအတိအကျရလို့ ငှားဖို့ရန် ထွက်လာခဲ့လိုက်တာပင်။

ရုံးခန်းလိပ်စာအရဆိုရင် ဟိုရှေ့တစ်လမ်းက အဆောက်အဦးဖြစ်မည်။ ရန်ကုန်မြို့က ယခင်သူနေခဲ့စဉ်က ဒီလောက်ရှုပ်ယှက်ခတ်အောင် မစည်ကားသေး။ အခုတော့ တိုက်ခန်းများက လက်ညှိုးထိုးမလွဲ။ နေသူရိန်ဆိုတဲ့လူကလည်း ချောင်ကျတဲ့နေရာကိုမှ ရွေးတတ်လေသည်။ ‌ဒါနဲ့များ ဘယ်လိုနာမည်ကြီး၊ငှားကြေးကြီးရသလဲ သူတွေးမရ။

အဆောက်အဦးရှေ့ရောက်တော့ “Sun Tourist Service” ဟု ရေးထားသော ဆိုင်းဘုတ်တစ်ခုနှင့်အတူ ရုံးခန်းရှိရာကို မြှားသင်္ကေတညွှန်ထားဖြင့် ဘုန်းနေခလည်း မြှားဦးအတိုင်းတက်လာခဲ့လိုက်သည်။ သိပ်ပြီးမတက်လိုက်ရဘဲ ဒုတိယထပ်တွင် ရှိသော ရုံးခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်။ ထို့ကြောင့် သူလည်း တံခါးခေါက်လိုက်ပြီး ဝင်သွားလိုက်သည်။

ဒေါက်...ဒေါက်...ဒေါက်

“ဝင်ခဲ့ပါ”

ဘုန်းနေခလည်း ကြားလိုက်ရတဲ့အသံကြောင့် ကြောင်သွားသည်။ သူဒီအသံကို ကြားဖူးသည်။ ဒါဟိုနေ့က သူနဲ့စကားများခဲ့တဲ့လူရဲ့အသံ။ ဒါပေမယ့် ဟုတ်ချင်မှ ဟုတ်မှာ‌ပါ။ လူတူမရှား နာမည်တူမရှားတောင် ရှိသေးတာ၊ အသံတူတာလည်း ရှိမှာပေါ့။

“နေသူရိန်နဲ့တွေ့ချင်လို့ပါ”

“ဟုတ်ကဲ့ ကျနော်က နေသူရိန်ပါ။ ဘာများကူညီပေး....”

“ခင်ဗျား!”

“ဟင် မင်း!”

“နေပါဦး ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ ဘဲကြီး”

“ဘာကွ!! ဒါက ငါ့ရုံးခန်းလေ။ ငါကသာ မင်းကိုမေးကိုမေးရမှာ၊ ဘာလာလုပ်တာလဲ”

“ဪ ဒီကိုလာပါတယ်ဆိုမှ Tourist ငှားဖို့ပေါ့။ ဘာလဲ ခင်ဗျားက  ရန်လာဖြစ်တယ်ထင်လို့လား”

"ကျွန်"[Completed]Where stories live. Discover now