"ကျွန်"(Part-29)

161 5 0
                                    

Unicode

ပဲခူးဘက်ကို အလုပ်ကြောင့်ရောက်နေတာမို့ မောင့်ကို လွမ်းမိသည်။ ဒီချိန်ဆို မောင်နိုးလောက်ပြီလား၊ညကရော စောစောမှအိပ်ရဲ့လားမသိ။ သူရှိနေရင်တော့ မောင်က အလုပ်ကို မြန်မြန်ပြီးအောင်လုပ်ပြီး အတတ်နိုင်ဆုံး စောစောအိပ်ရာဝင်လေ့ရှိပေမယ့် သူ့ကောင်လေးအလုပ်လောဘကြီးတာ သူအသိပါ။ ဖုန်းဆက်လိုက်ရင် ကောင်းမလား၊ ဒါပေမယ့် မောင်မနိုး‌သေးရင် သက်သက်မဲ့ သူ့ကြောင့် အိပ်ရေးပျက်ဦးမည်။ဖုန်းကို လက်ထဲမှာ ကိုင်ထားပြီး ချီတုံချတုံဖြစ်နေသည်။ ထားလိုက်ပါတော့ မဆက်တော့ပါဘူးလေ၊ မောင်ကနိုးတိုင်း သူ့ကိုအရင်ဖုန်းဆက်နေကြမဟုတ်လား။

“ကိုသူရိန်ရေ ညီမတို့ကို ရွှေမော်ဓောဘုရားဘက်အရင်လိုက်ပို့ပါလား”

“ဪ ဟုတ်ပြီ ညီမ၊ အကိုဆင်းလာခဲ့မယ်နော်”

သူရိန့်ရဲ့ Client က ကောင်မလေးအုပ်စုဖြစ်တာမို့ ဘယ်နေရာရောက်ရောက် သူငယ်ချင်းတွေနဲ့  အုပ်စုလိုက်အမှတ်တရဓာတ်ပုံရိုက်ကြသည်။အဲ့တာကြောင့်လည်း နေရာလှပြီး  viewကောင်းကောင်းရှိတဲ့နေရာတွေဆိုရင် အချိန်ကြာတတ်သည်။ ဒီကြားထဲ လမ်းမှာ စက္ကူပန်းရုံတွေမြင်ရင်လည်း တကူးတကဆင်းပြီး အချင်းချင်းပုံရိုက်ကြသေးသည်။

သူရိန်ကတော့ ထိုသို့ပုံရိုက်တာတွေဘာတွေ ဝါသနာမပါပေမယ့် ကိုယ့်ကိုငှားထားတဲ့ client ဖြစ်တာကြောင့် စိတ်ရှည်ရှည်နဲ့စောင့်ပေးဖြစ်သည်။ ရုတ်တရက်ဆိုသလို vibrate ဖြစ်လာတဲ့ ဖုန်းလေးကြောင့် ဖုန်းလာပြီဆိုတာသိလိုက်သည်။ ဒီအချိန်မှာ သူ့ဖုန်းကို ခေါ်မှာ မောင်ကလွဲပြီး ဘယ်သူရှိသေးလို့လဲ။ အဲ့တာကြောင့် ချက်ချင်းဆိုသလို ဖုန်းကိုင်လိုက်သည်။

“Hello Morning, မောင် နိုးပြီလား”

“......”

“ဟင် အခုမှ အိပ်မှာလား၊ မောင့်ကို ပြောပါတယ်။ ဉာဉ့်နက်တဲ့အထိ အလုပ်တွေမလုပ်ပါနဲ့ဆိုတာကို၊ ငါမရှိတာနဲ့ မိုးလင်းထိအောင် နေတယ်ပေါ့”

သူရိန်လည်း morning လို့ နှုတ်ဆက်လိုက်ရုံလေးရှိသေးတယ်၊ မောင်က အခုမှ အိပ်ရမှာတဲ့၊ အဲ့တာ‌သာကြည့်တော့။ မောင်က သူရှိရင်သာ အလုပ်တွေကို နားပြီးလုပ်တတ်ပေမယ့် တစ်ယောက်တည်းဆိုရင် မိုးလင်းထိ မပြီးမချင်း လုပ်တတ်သည်။ သူက စိတ်ပူလို့ပြောပြန်တော့လည်း တစ်ခါတစ်လေပါ ဆန်းရယ်၊ ဘာမှမဖြစ်ပါဘူးတဲ့။

"ကျွန်"[Completed]Where stories live. Discover now