Unicode
နေခလည်း နေ့လည်နေမပူခင် ဘုရားတွေလှည့်ဖူးဖို့ သွားမှာ ဖြစ်တာကြောင့် ရေမိုးချိုးကာ အဝတ်လဲရန် ပါလာတဲ့အဝတ်အစားများကို ထုတ်လိုက်သည်။ သေစမ်း! သူ့မှာ ပုဆိုးတစ်ထည်မျှ မပါဘူး၊ပါသမျှက jeanတွေ၊ style pantတွေနဲ့ short pant တွေသာ။ short pantကတော့ ဘယ်နည်းနဲ့မှ ဝတ်လို့မဖြစ်၊ ယောကျာ်းလေးဘောင်းဘီတိုဝတ်တာကိစ္စတော့ မရှိပေမယ့် သူအခုရောက်နေတာက မြန်မာနိုင်ငံရဲ့နာမည်ကြီးလှတဲ့ပုဂံ။
ပြီးတော့ သွားမည့်နေရာကလည်း ဘုရားပုထိုးတွေပေါ်ကို တက်၍ဖူးမျှော်ရန် ဖြစ်သည်။ အဲ့တာကြောင့် jeanတွေကို ကြည့်မိပြန်တော့လည်း ripped jeanတွေသာ၊ဆိုင်ကယ်စီးရင်းဝတ်နေကျသူ့စတိုင်လ်မို့ အခုတော့ နောက်ဆုံးကျန်သည့် style pantတွေထဲကသာ အနက်ရောက် style pantကို ရွေးဝတ်လိုက်သည်။
အင်္ကျီကတော့ သူဝတ်ကျအတိုင်း fit T-shirt တွေနဲ့ Shirt လက်ရှည်တွေပါတာမို့ အပေါ်ပိုင်းဝတ်ဖို့က သိပ်ပြီး ကိစ္စမရှိပါ။ အဲ့တာကြောင့် အနက်ရောင်ရှပ်လက်ရှည်တစ်ထည်ကိုပဲ ကြယ်သီးသေချာတပ်ကာ လက်ကို တံတောင်ဆစ်နားလောက်ထိခေါက်လိုက်သည်။ သူ့ရဲ့ဆံပင်ကိုတော့ ရာဘာကွင်းအနက်ရောင်ကြိုးလေးနဲ့ တစ်ဝက်ချည်လိုက်သည်။ မှန်ထဲတွင် သူ့ပုံစံက အသက်နှစ်ဆယ်အရွယ်လို့ မထင်ရဘဲ လုံးဝကို Gentle Man Typeကြီး။
မျက်နှာကျရှည်ရှည်ထက်မှာ အဖုအဖိန့်ရယ်လို့မရှိ၊ မျက်ခုံးနက်နက်နှင့် ထင်ပေါ်သော နှာခေါင်း၊ ပါးလွှာသော နှုတ်ခမ်းပါးလေးတစ်စုံ။ မျက်လုံးကတော့ ဝိုင်းတာလည်း မဟုတ်၊မှေးတာလည်း မဟုတ်ဘဲ မျက်ရစ်သိပ်မထင်းတဲ့ fox eyes ပုံစံလေးမို့ မသိရင် တစ်လောကလုံးသူ့လုပ်စာစားထားရတဲ့ပုံစံမျိုး။ သူကလည်း ဘယ်သူ့ကိုမှ အဖတ်မလုပ်ပဲနေတတ်တဲ့ကောင်ဆိုပေမယ့် နေမင်းကြီးကတော့ ချွင်းချက်။ သူ့မှာ ချွင်းချက်ရယ်လို့ များများစားစားမရှိပေမယ့် မေမေနဲ့နေမင်းကြီးကတော့ နှစ်ခုတည်းသော သူ့ရဲ့ချွင်းချက်။
သူပြင်လို့ဆင်လို့ပြီးလို့လို့ အပြင်ဘက်ကို ထွက်လာတဲ့အခါမှာ သူ့နေမင်းကြီးက မရှိ။ နေခလည်း လန့်သွားသည်၊ သူရေမချိုးခင်က အခန်းထဲက ဆိုဖာပေါ်မှာ စာအုပ်ဖတ်နေခဲ့တာမဟုတ်ပါလား။ အခန်းတစ်ပတ်,ပတ်ကြည့်တော့လည်း မတွေ့၊ အခန်းရှေ့ဆီထွက်ကြည့်တော့လည်း မတွေ့တာကြောင့် လူကတော်တော် ခေါင်းမီးတောက်နေပြီ။
YOU ARE READING
"ကျွန်"[Completed]
Non-Fictionဘုန်းနေခ 🤍 နေသူရိန် Bhone Nay Kha 🤍 Nay Thu Rein ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များ၊ဇာတ်ကွက်များနှင့် အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးဖြင့်သာ ပုံဖော်ဖန်တီးထားပါသဖြင့် လက်တွေ့ဘဝနှင့်ယှဉ်လျှင် ယုတ္တိရှိချင်မှ ရှိပါလိမ့်မည်။ အမှားများ ပါဝင်ခဲ့သည်...