"ကျွန်"(Part-31)

167 6 0
                                    

Unicode

ရန်ကုန်မြို့တစ်နေရာရဲ့ညနေခင်းက လှပပြီး အသက်ဝင်လွန်းလှသည်။ မြေညီထပ်နေရာကမဟုတ်ဘဲ ခေါင်မိုးထပ်က ကြည့်ရတာမို့ နေဝင်သွားတဲ့ဖြစ်စဉ်အစအဆုံးကို သေသေချာချာမြင်ရသည်။ အရှေ့အရပ်မှနေ၍ တစ်နေ့လုံးထွန်းလင်းပြီး အလင်းရောင်ပေးခဲ့တဲ့နေမင်းကြီးက ယခုအချိန်မှာတော့ အနောက်အရပ်သို့ ‌သူ့ရဲ့သဘာဝအတိုင်းဖြေးညှင်းစွာ ဝင်ရောက်နေပြီဖြစ်သည်။ နေမင်းကြီးလုံးဝကွယ်ပျောက်သွားတဲ့အချိန်ထိ သူတို့နှစ်ယောက်ငေးကြည့်နေမိသည်။

ရန်ကုန်ရဲ့ထုံးစံအတိုင်း နေဝင်သွားလို့လည်း မည်းမှောင်သွားတာမျိုးမဟုတ်ဘဲ မြို့ပြရဲ့မီးအလင်းများက တစ်မုဟုတ်ချင်း လင်းထိန်လာသည်။ ညအမှောင်ပြုစအချိန်မှာ လင်းလာသော လမ်းမီးတိုင်က အလင်းတွေ၊ ညအချိန်ထိဖွင့်သော ဆိုင်များမှ မီးအလင်းတွေစသည်ဖြင့် လင်းလင်းထင်းထင်းရှိလှသည်။ ဒါကလည်း ရန်ကုန်မြို့ရဲ့အလှတစ်ခုပင်ဖြစ်သည်။

“မောင် ရန်ကုန်က နေဝင်ချိန်ကလည်း လှတယ်နော်”

အတူတူကြည့်နေတဲ့မောင့်ထံ စကားလှည့်ပြောလိုက်သည်။ မောင်ကလည်း ခေါင်မိုးထပ်မှာ သူနဲ့အတူရှိနေတာဖြစ်ပြီး လေလွင့်နေသော မောင်က သူ့ဆံပင်လေးများကို သပ်တင်ရင်း သူ့ဘက်ကို လှည့်လာသည်။

“အင်း လှတယ်၊ ဒါပေမယ့် မောင်ကတော့ ပုဂံရဲ့နေဝင်ချိန်ကိုပဲ ပိုကြိုက်တယ်”

“တူတော့ဘယ်တူမလဲ မောင်ရဲ့၊ ပြောစမ်းပါဦး ပုဂံကို ဘာလို့အဲ့လောက်တောင် ကြိုက်ရတာလဲ”

“တကယ်တမ်းပြောရရင် ဆန်းကြောင့်လေ”

“ငါ့ကြောင့် ဟုတ်လား”

“ဟုတ်တာပေါ့ ဆန်းကို စတွေ့ဖို့ဖြစ်လာတာလည်း ပုဂံကြောင့်၊ ချစ်မိတော့လည်း ပုဂံမြေမှာပဲ။ ဟော...ချစ်ရေးဆိုပြန်တော့ ပုဂံ၊ အဖြေရတော့လည်း ပုဂံမြေပဲလေ။ ပြီးတော့....”

မောင်ကပြောနေရင်း စကားရပ်သွားသဖြင့် စိတ်ဝင်စားနေတဲ့သူ့အဖို့ ဆန့်ငင်ကြီးဖြစ်သွားသည်။ အဲ့တာကြောင့် မောင့်ကို ဆက်ပြောဖို့ ပြောလိုက်သည်။

"ကျွန်"[Completed]Where stories live. Discover now