"ကျွန်"(Part-14)

210 6 0
                                    

Unicode

ငဦးတစ်ယောက် ဒီတလော ဒေါ်ဒေဝီအိမ်ပြန်မလာတာကို သတိထားမိသည်။ နောက်ဆုံးအိမ်ပြန်လာခဲ့တုန်းက ရုတ်တရက်ကြီး သူမကို မုန်းလားဟုမေးပြီးတဲ့နေ့ကဖြစ်သည်။ အဲ့နေ့တုန်းကဆို ငဦးလည်း အရင်ကတည်းကရှိလာတဲ့တစ်ခွန်းတည်းသော အဖြေကို တုံ့ဆိုင်းခြင်းမရှိစွာပဲ ဖြေမိခဲ့သည်။ သူမကလည်း ပြန်ပြောလိုက်သည်မဟုတ်လား၊ သေရင်တောင် သူမရဲ့အမိန့်ရမှ သေရမယ်တဲ့လေ။ ဒီမိန်းမဘာလို့ ဒီလောက်တောင် မောက်မာလွန်းရတာလဲ။

တွေးနေရင်း သူ့စိတ်ထဲမှာ ပေါ်လာတဲ့မျက်နှာလေးက မီးမီးဆိုတဲ့ကလေးမရဲ့ မျက်နှာလေး၊ ယှဉ်စရာကို လိုမနေတဲ့ မိန်းကလေးပေါ့။ ဒေါ်ဒေဝီ့လို မောက်မာတင်စီးဖို့မဆိုနှင့်၊ စကားသံမာမာပင် နှုတ်ခမ်းက ထွက်မလာသည့် ကလေးမလေး။ ချမ်းသာတာချင်းတူပေမယ့် စိတ်ဓာတ်ချင်းတော့ ဆီနဲ့ရေလို ကွာသည်။

မီးမီးဆိုတဲ့ကလေးမလေးကို မြင်ရတာနဲ့ အေးချမ်းရတဲ့အကြည်ဓာတ်လေးက သူနဲ့တွင်မှ မဟုတ်၊ မိနွယ်တို့နှင့်ဆိုလျှင်လည်း ပြောင်းလဲသွားခြင်းမရှိပါ။ ဒေါ်ဒေဝီ့တွင်ရှိသည့် အဆင့်အတန်းခွဲခြားတတ်တဲ့အကျင့်က ကလေးမလေးမှာ မရှိသလို ကလေးမလေးမှာရှိသည့် အပြုံးချိုချိုလေးနဲ့ လူလူချင်းတန်းတူဆက်ဆံတတ်သည့်အကျင့်လေးကလည်း ဒေါ်ဒေဝီဆိုသော မိန်းမတွင် လုံးဝမှမရှိ၊ ရှိလာမည်လည်း မဟုတ်ပါ။

“ဦး!”

“ဪ မီးမီး လာလေ”

“ဒီနေ့သင်ရမယ့် သင်ခန်းစာက အရေးကြီးတယ် သိလား"

“ဟမ် ဘာသင်ခန်းစာမို့လို့လဲ"

“တစ်စုံတစ်ယောက်ကို ချစ်ကြောင်းဝန်ခံဖို့အတွက် စာရေးရင် သုံးလို့ရမယ့်စကားလုံးမျိုးတွေ"

“အာ....အဲ့တာက မသင်လို့မရဘူးလား”

“မရဘူးလေ ဦးချစ်တဲ့ကောင်မလေးရှိလာတဲ့အခါကျရင် ရေးလို့ရအောင်လေ၊ ပြီးတော့ ချစ်တဲ့အကြောင်း ဝန်ခံတာပဲ ရှက်စရာမှ မလိုတဲ့ဟာကို”

“......”

“ကဲ လာပါ သင်ရအောင်၊ သုံးမျိုးတောင် သင်ပေးမှာကို”

"ကျွန်"[Completed]Where stories live. Discover now