"ကျွန်"(Part-17)

166 6 0
                                    

Unicode

မီးမီးဒီနေ့ ဦးကို ဖွင့်ပြောတော့မည်၊ လက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ အနည်းဆုံးတော့ သူမကြိုးစားရမည်လေ။ ဟိုတစ်နေ့က ကိုကို့ကိုလည်း ဖုန်းဆက်ပြီး ပြောပြလိုက်တော့ ပိုပြီးအားရှိသွားသလို ခံစားရသည်။ ကိုကိုက အရင်လို မီးမီးအပေါ်ကို မနွေးထွေးတော့ပဲ အေးစက်နေသလို ခံစားရပေမယ့် မီးမီးနားလည်ပါသည်။ မီးမီးတို့က မောင်နှမအရင်းမှမဟုတ်ကြဘဲကို၊ ဒါပေမယ့် ကိုကိုက မီးမီးအပေါ်တော့ ဂရုစိုက်ပါသေးသည်။ ဒါနဲ့ ကိုကိုက ချစ်သူတောင်ရနေပြီဆိုပဲ၊ မီးမီးလည်း မကြာခင် ကိုကို့လိုရရင် Double Date ကြတာပေါ့ အခုတော့ ဖိုက်တင်း!!!

“ဦး!!”

“မီးမီးအိပ်ရာ အစောကြီးထလာတာလား"

“ဟုတ်တယ် အန်တီရော ပြန်မရောက်သေးဘူး မဟုတ်လား”

“အင်း မရောက်သေးဘူး”

“အဲ့တာဆို နေ့လည်ထမင်းစားပြီး ခြံထဲမှာ စာသင်မယ်နော်”

“ဟမ် ခြံထဲမှာလား"

“ဟုတ်တယ် နှင်းဆီပင်တွေနားမှာ အရိပ်ရတယ်လေ မီးစောင့်နေမယ်နော်"

နေလည်ရောက်ဖို့က အတော်လေးလိုသေးပေမယ့် မီးမီးတစ်ယောက်စာသင်ဖို့ပြောသွားလို့ ထူးတော့ ထူးဆန်းနေသည်။ အိမ်ထဲမှာမဟုတ်ဘဲ ခြံထဲမှာသင်ချင်တယ်ဆိုပဲ၊ ဘာကြောင့်ရယ်တော့မသိ။ ဘာပဲဖြစ်ဖြစ်ပါ သင်မယ့်သူက သင်ပေးမယ်ဆိုတော့ ကိုယ်က သွားလိုက်ရုံပဲပေါ့။

ရုတ်တရက်ဆိုင်ကယ်အသံကြားလိုက်ရသဖြင့် ငဦးအံ့ဩသွားသည်။ ဒီဆိုင်ကယ်သံက သခင်လေးရဲ့ဆိုင်ကယ်သံမဟုတ်လား။ ပုဂံကနေပြန်လာမယ်လို့လည်း ကြိုမပြောထားပဲနဲ့ အခုလို ဒေါ်ဒေဝီမရှိတဲ့နေ့ကြီးမှ ရောက်လာရတယ်လို့။ ဒါမှမဟုတ် ဒေါ်ဒေဝီသိပြီးသားလားတော့ မသိ။ လောလောဆယ်က ခြံတံခါးအရင်ဖွင့်ရမှာမို့ ခြေလှမ်းများကို ဦးတည်လိုက်သည်။

“ဪ ကိုဦး ကျနော်ပြန်ရောက်ပြီ”

“ဟင် ဘယ်သူ့ကိုပြောတာလဲ ကျွန်တော့်ကိုလား”

“ဟုတ်တယ်လေ ဘယ်သူရှိလို့လဲ ကိုဦးပဲရှိတာလေ”

“သခင်လေးနေများမကောင်းတာလား၊ ကျွန်တော်ဘာများလုပ်ပေးရမလဲ”

"ကျွန်"[Completed]Where stories live. Discover now