"ကျွန်"(Part-18)

180 5 0
                                    

Unicode

ဒီနေ့တော့ ဆိုင်ကိုဝင်ပြီး အိမ်ပြန်မည်ဟုတွေးကာ ဆိုင်ဘက်ကိုအရင်ဆုံးထွက်လာလိုက်သည်။ ဆိုင်မှာလည်း ဝန်ထမ်းတွေအားလုံးက စိတ်ချရတာမို့ ဒေါ်ဒေဝီစစ်စရာရှိတဲ့စာရင်းများကိုသာ တစ်ချက်စစ်ပြီး မှာသင့်တာတွေကို မှာလိုက်သည်။ ဒါပေမယ့် မန်နေဂျာကောင်မလေးရဲ့စကားကြောင့်အံ့ဩသွားသည်။ မနေ့က သူမကိုတွေ့ချင်လို့ Grand လုပ်ငန်းစုရဲ့MDကတွေ့ချင်သည်မို့ ကိုယ်စားလှယ်က လာရောက်ချိန်းဆိုသွားခဲ့သည်ဆိုပဲ။အဲ့တော့လည်း သူမက သွားတွေ့ရဦးမည်၊ ပြီးမှသာ အိမ်ပြန်ရတော့မည်။

သူမတွေ့ရမည့် လုပ်ငန်းရှင်က ခေသူတော့မဟုတ်၊ ‘Grand’ကုမ္ပဏီလုပ်ငန်းစုရဲ့ MDဖြစ်သည့် ဒိတ်ဒိတ်ကျဲသူဌေးကြီးဦးမင်းမျိုး။ ဦးမင်းမျိုးတို့ရဲ့ Grand ကုမ္ပဏီက စီးပွားရေးလောကမှာ နာမည်ကြီးဆိုပေမယ့် ဦးမင်းမျိုးရဲ့မိသားစုအကြောင်းကတော့ သိပ်လျှို့ဝှက်သည်။ သားတစ်‌ယောက်နဲ့သမီးတစ်ယောက်ရှိတာကလွဲပြီး ဘာမှမသိရ။

ထို့ပြင် ဦးမင်းမျိုးဆိုတဲ့သူဌေးကိုယ်တိုင်ကလည်း အနေအေးတာမို့ MDဖြစ်သူမှန်းသိတဲ့သူကရှားသလို သူကိုယ်တိုင်ကလည်း Grand လုပ်ငန်းစုရဲ့အခွဲဖြစ်တဲ့တခြားလုပ်ငန်းငယ်လေးမှာပဲ ရုံးထိုင်တာမို့ Grand ဆိုတဲ့နာမည်သာကြားဖူးကြပြီး အတွင်းရေးကို တိတိကျကျသိတဲ့သူက သိပ်မရှိ။ ဒါပေမယ့် စီးပွားရေးလောကမှာတော့ Grand ကုမ္ပဏီက ထိပ်တန်းအဆင့်မှာ ရပ်တည်နေသည်။သူမကိုယ်တိုင်တောင် ဖဲဝိုင်းထဲမှ သူဌေးတွေအချင်းချင်းပြောကြတာကြောင့် သိခဲ့ရတာ။

အဲ့တာကြောင့် မိမိဆိုင်ကို Grandလုပ်ငန်းစုက လာရောက်ဆက်သွယ်တယ်လို့ ဆိုင်ကကောင်မလေးပြောတော့ ယုံပင်မယုံနိုင်။ ဒါပေမယ့် သူမရဲ့ Royal ကရော နိမ့်တဲ့အထဲမှာတော့မပါပေ၊ Grand လောက်ထိပ်တန်းမကျလျှင်တောင် တန်းတူရင်ဘောင်တန်းနေသည့် အနေအထားမျိုးတော့ရှိပါသည်။

‌ကားကို စက်ရှိန်သတ်လိုက်ပြီး parking နေရာသို့ စနစ်တကျရပ်လိုက်သည်။ ချိန်းထားတဲ့နေရာက Luxury Coffee shop တစ်ခုမှာမို့ ကားတံခါးကို လာ‌ဖွင့်ပေးသော ဝန်ထမ်းများကအဆင်သင့်၊ ဒေါ်ဒေဝီလည်း ငဦးကိုတောင် သတိရသွားမိသည်။ သူရှိလျှင်လည်း ဒီလိုပဲ ဖွင့်ပေးရတာပဲမဟုတ်လား။

"ကျွန်"[Completed]Where stories live. Discover now