"ကျွန်"(Part-11)

206 10 0
                                    

Unicode

တည်းရမယ့်အခန်းကို သေသေချာချာကြည့်မိတော့မှ suit ကြီးဖြစ်နေတာကြောင့် လန့်သွားသည်။ ပထမတစ်ခါနေပြည်တော်မှာတုန်းကလည်း နှစ်ယောက်ခန်းနဲ့နေခဲ့ရသည်။ အဲ့တာက အခန်းပိုမရှိလို့လေ၊ အခုဟာက Pre-booking ထားတဲ့အခန်းကိုက နှစ်ယောက်နေရတဲ့ suitအခန်းကြီး။ ဒီလိုအခန်းမျိုးက ပုံမှန်ဆိုလျှင် လက်ထပ်ထားတဲ့သူတွေဘာတွေ ငှားလေ့ရှိတဲ့ အခန်းမျိုး၊ အခု ထိုကောင်လေးက ဘာလို့များ ဒီအခန်းကို ငှားရတာလဲ။ ဘာပဲဖြစ်ဖြစ် သူက စည်းစောင့်တတ်တဲ့သူမို့ စိတ်ပူစရာတော့ သိပ်မရှိ၊ ကိုယ်ကပဲ သူ့ကိုယုံမိနေတာလားတော့ မပြောတတ်ပါ။

အခန်းကတော့ တော်တော်လေးကို သပ်ရပ်ကျယ်ဝန်းပြီး luxury vibe ရသည်။ Room decorationတွေကလည်း သူတည်းဖူးတဲ့ Hotel တွေထက် ပိုပြီး unique ဖြစ်ပြီး သဘောကျဖို့ကောင်းသည်။ နောက်ပြီး Facility တွေကိုလည်း တော်တော်စုံလင်အောင်ထည့်ပေးထားသေးသည်။

အခန်းလေးရဲ့အတွင်းဘက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်လျှင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ကူးခတ်သွားလာနေတဲ့ သင်္ဘောကြီးများ၊ လှေငယ်လေးများနှင့် ငါးဖမ်းစက်လှေတွေကိုလည်း သဘာဝကျကျမြင်ရတာကတော့ ကျနော်သဘောအကျဆုံးဖြစ်သည်။ ပေးထားရတဲ့ပိုက်ဆံကလည်း ‌နည်းတာမှမဟုတ်တာပဲ ဒီ‌လိုကျေနပ်မှုလေးပေးနိုင်လို့ တော်သေးသည်ဟုလည်း တွေးမိသည်။

“ဘယ်လိုလဲ အခန်းကို သဘောကျရဲ့လား"

“ဟင်....အင်း ပိုက်ဆံအများကြီးပေးထားရတာလေ၊ မကျလည်း နေရမှာပဲ”

“ဟာ ခင်ဗျားကတော့ ပိုက်ဆံက ကျနော်ပေးမယ်ပြောပြီးသားကိုဗျာ၊ အခုမေးတာက သဘောကျ/မကျမေးတာ။ ခင်ဗျားသဘောမကျရင် ပြောင်းရအောင်”

“ဟေ့ တော်တော်၊ ဘာလို့ပြောင်းမှာလဲ ပိုက်ဆံတော်တော်ပေါနေလားဟမ်။ သဘောကျတယ် ဒီမှာပဲနေမယ်”

“ပြီးရော၊ ညနေကျရင် Hotelထဲပတ်ကြည့်လို့ရသေးတယ်။ Hotelဝန်းကြီးက အကျယ်ကြီး၊ ပြီးတော့ ပန်းတွေစိုက်ထားတဲ့နေရာလည်းရှိတယ်။ Barအသေးစားလေးလည်း ရှိတယ်”

“အင်း နေဦး မင်းနာမည်ပြော”

“ဪ ဘာများလဲလို့”

"ကျွန်"[Completed]Where stories live. Discover now