Unicode
“ဆန်း ပြန်လာပြီလား၊ညကဖုန်းဆက်တော့လည်း ဘာမှမပြောဘူး။ ပြောရင် မောင်လာကြိုမှာပေါ့ မောင့်ဆန်းလေးရဲ့”
တံခါးဘဲလ်တီးသံကြားလို့ ဘယ်သူများလဲဆိုပြီး တံခါးဖွင့်ပေးလိုက်တော့ ရောက်နေတဲ့လူသားလေးက သူ့ရဲ့နေမင်းကြီးတဲ့လေ။ ဘာမပြော၊ ညာမပြောနဲ့ ရုတ်တရက်ပြန်ရောက်လာတာမို့ အံ့ဩသွားတာဖြစ်သည်။ တကယ်ဆိုရင် သူက ဆန်းကို ကိုယ်တိုင်ထွက်ကြိုချင်တာဖြစ်သည်။
“ပြောလိုက်ရင် မောင် surprise ဘယ်ဖြစ်တော့မလဲ၊ ငါက မောင့်ကို တမင်အံ့ဩစေချင်လို့ ပြန်လာတာလေ”
သူ့ကိုကြည့်ပြီး တအံ့တဩဖြစ်နေတဲ့ အိပ်မှုန်စုန်ပွားကောင်လေးက တကယ်ချစ်စရာကောင်းလှသည်။ လူကောင်ကသာကြီးနေတာ၊ ဒီလို ဆံပင်ခပ်ရှုပ်ပွပွ bare face နဲ့ဆိုရင် တကယ့်ကို ကလေးပေါက်စလေးအတိုင်း။ မျက်ဝန်းချွန်ချွန်လေးတွေကလည်း ကြည့်ကောင်းလှသည်။
“ဘယ်လိုလဲ မနေ့ကလည်း စောစောမအိပ်ပြန်ဘူးလား ဟမ်”
ဆန်းမေးသံကြားမှ ဖရိုဖရဲဖြစ်နေတဲ့ pyjamas ကို ပြုပြင်လိုက်ရင်း ဆံပင်ကို သပ်ကာ
“အိပ်ပါတယ် ဆန်းရဲ့၊ အစောကြီး အိပ်တာရယ်။ လာပါဦး ပြန်ရောက်ပြီဆိုတော့ Morning kiss ပေးပါဦး မောင့်အသဲလေးရဲ့”
အခန်းပြင်ကလူလေးကို ဆွဲခေါ်ပြီး နမ်းဖို့လုပ်လိုက်စဉ် သူ့ရဲ့ခေါင်းထက်မှာ နေရာယူလာတဲ့ လက်ချောင်းသွယ်သွယ်လေးတွေကြောင့် ဆန်းက ဘာများလုပ်နေတာပါလိမ့်။
လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နေကြာပန်း topping သေးသေးလေးပါသည့် ခေါင်းစည်းကွင်းလေးကို ရှုပ်ပွနေတဲ့ဆံပင်လေးတွေအား သေချာလေးလက်နဲ့သပ်တင်ကာ စည်းနှောင်ပေးလိုက်သည်။ ဆံပင်က အတော်တောင်ရှည်နေပြီမို့ နှစ်ခေါက်,ခေါက်ကာ စည်းပေးလိုက်ပါ၏။
“ကြိုက်ရဲ့လား အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်မှာ တွေ့လို့ ဝယ်လာတာ၊ ကြိုးပေါ်မှာ နေကြာပန်းပိစိလေးပါတယ်”
နေခလည်း သူ့ဆံပင်ကို စည်းထားတဲ့ကြိုးလေးအပေါ် လက်နှင့်စမ်းကြည့်လိုက်ပြီး
YOU ARE READING
"ကျွန်"[Completed]
Non-Fictionဘုန်းနေခ 🤍 နေသူရိန် Bhone Nay Kha 🤍 Nay Thu Rein ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များ၊ဇာတ်ကွက်များနှင့် အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးဖြင့်သာ ပုံဖော်ဖန်တီးထားပါသဖြင့် လက်တွေ့ဘဝနှင့်ယှဉ်လျှင် ယုတ္တိရှိချင်မှ ရှိပါလိမ့်မည်။ အမှားများ ပါဝင်ခဲ့သည်...