Unicode
လူချမ်းသာလူတန်းစားတို့သာ သွားနိုင်ဝယ်နိုင်သော ကုန်တိုက်တစ်ခု။ ခေတ်စကားအရဆို Premium Market တစ်ခုပေါ့။ ထိုနေရာတွင် ရှိသော ဖိနပ်ဆိုင်တစ်ခု။ ဖိနပ်ဆိုင်ဟုဆိုသော်လည်း သာမန်လူတို့၏အိမ်တစ်နေရာစာထက်ပင် ကြီးမားသည်။ ပြည်တွင်းဖြစ်အကောင်းစားဖိနပ်များသာမက နိုင်ငံခြားဖြစ်ဖိနပ်များလည်း သူ့နေရာနှင့်သူ အစီအရီ ခင်းကျင်းထားသည်။ ဖိနပ်ဆိုင်ထဲတွင်ရှိသော အရောင်းဝန်ထမ်းများမှာလည်း တူညီဝတ်စုံများဝတ်ထားကြပြီး ပျူပျူငှာငှာဖြင့် ဝယ်သူ Customer ကို ဦးညွှတ်ကာ ကြိုဆိုနေသည်။
“မင်္ဂလာပါရှင်... Royal Shoes Center မှ ကြိုဆိုပါတယ်ရှင်။”
ဘုန်းနေခလည်း ဝန်ထမ်းမလေးများကို အသိအမှတ်ပြုရုံသာ ခေါင်းငြိမ့်ပြပြီး မေမေမှာထားသည့်အတိုင်း ရုံးခန်းရှိရာသို့ တည့်မတ်စွာ ဝင်သွားလိုက်သည်။ သိပ်ပင်မကြာလိုက်။ Manager ဟူသော ရင်ထိုးတပ်ဆင်ထားသော မိန်းကလေးတစ်ဦးဝင်လာပြီး နှုတ်ဆက်လေသည်။
“မင်္ဂလာပါ Boss...မမကြီးပြောထားတဲ့အတိုင်း ဒီဆိုင်ရဲ့ စာရင်းတွေပါ။ ပြီးတော့ ကျမက ဒီဆိုင်ရဲ့ မန်နေဂျာပါ”
“ကိုယ်သိတယ်။ ဒါနဲ့ မေမေက ဘာထပ်မှာသွားသေးလဲ”
“မေမေဆိုတာ...”
“ကိုယ့်အမေ, ဒေါ်ဒေဝီထိပ်ထားလေ”
“ဪ သိပြီ သိပြီ။ စိတ်မရှိပါနဲ့ရှင်...မမကြီးကို အပျိုကြီးလို့ပဲ ထင်နေတာ။ ပြီးတော့ သားဆိုတာကိုလည်း တခါမှ မတွေ့ဖူးတော့လေ”
“ရပါတယ် ကိစ္စမရှိပါဘူး။ အခုမှတ်ထားလိုက်ပေါ့”
“ဟုတ်ကဲ့ မမကြီးကတော့ ဘာမှထွေထွေထူးထူးမှာမသွားပါဘူးရှင်”
“ဟုတ်ပြီ အဲ့တာဆို မင်းသွားလို့ရပြီ”
ဘုန်းနေခလည်း မန်နေဂျာမိန်းကလေးလာပေးသွားသော စာရင်းများကို စစ်ရင်း မေမေ့ကို မချီးကျူးပဲ မနေနိုင်။ မေမေသည် မိန်းမသားတစ်ယောက်ဆိုပေမယ့် စည်းစိမ်ပြည့်စုံသူဖြစ်သော်လည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်သည်။ သူ့ကိုလည်း ဒီအရွယ် ဒီအခြေအနေထိ လိုလေသေးမရှိ ထားသည်။ ထိုသို့အဘက်ဘက်ပြည့်စုံသော မိန်းမကား 'ကျွန်' တစ်ယောက်နဲ့ လက်ထပ်ခဲ့ရခြင်းအတွက် သူများစွာ မေမေ့အတွက် ခံပြင်းမိသည်။
YOU ARE READING
"ကျွန်"[Completed]
Non-Fictionဘုန်းနေခ 🤍 နေသူရိန် Bhone Nay Kha 🤍 Nay Thu Rein ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များ၊ဇာတ်ကွက်များနှင့် အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးဖြင့်သာ ပုံဖော်ဖန်တီးထားပါသဖြင့် လက်တွေ့ဘဝနှင့်ယှဉ်လျှင် ယုတ္တိရှိချင်မှ ရှိပါလိမ့်မည်။ အမှားများ ပါဝင်ခဲ့သည်...