Unicode
ဒေါ်ဒေဝီ ဒီနေ့ဖဲဝိုင်းကောင်းတယ်လို့ သတင်းကြားတာကြောင့် ဖင်တကြွကြွဖြစ်နေသည်။ ဒါပေမယ့် သူမ Grand လုပ်ငန်းစုနဲ့လည်း လုပ်ငန်းစပ်တူလုပ်နေတာ ဖြစ်တာကြောင့် အပတ်တိုင်းလိုလို ဟိုကောင်လေးနှင့် အလုပ်ကိစ္စက ဆွေးနွေးနေရသည်။ ခန့်မှန်းခြေဆိုရင် ခြောက်လပင်ပြည့်တော့မည်၊ အမြတ်ကလည်း သူမတွက်ထားတာထက် ပိုရနေတာမို့ Grandနဲ့လက်တွဲတာ သူမအတွက်မှန်သွားသည်။ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ သားကို ခိုင်းရင်ရော....မဖြစ်သေးပါဘူး အရင်ကတည်းက ဆိုင်ကို စိတ်ဝင်စားတဲ့သူမှမဟုတ်တာ။
သားအလုပ်ကလည်း ကိုယ့်စီးပွားရေးနီးနီး၊ မဟုတ်ဘူး သူမထက်ပင် ပိုက်ဆံပိုရတာမို့။ ပြီးတော့ ငဦးကိစ္စနဲ့ပတ်သက်ပြီးလည်း စကားများထားတာမို့ အခြေအနေက အေးစက်စက်။ ကိုသီဟတို့ မစိန်တို့ကလည်း ဖုန်းကို တဂွီဂွီဆက်ပြီး လာဖို့ ပြောနေသည်။ ဒါမှမဟုတ် ဒီနေ့အလုပ်ကိစ္စကို ဖျက်ပြီး သွားလိုက်ရင် ကောင်းမလား၊ ဟုတ်တယ် ဖဲဝိုင်းကိုပဲ သွားတော့မည်။ ဟိုကောင်လေးကိုတော့ နေမကောင်းလို့ မလာနိုင်တော့ဘူးဆိုပြီး ပြောရန် ဖုန်းဆက်ဖို့ လုပ်လိုက်သည်။
“သခင်မ...သခင်လေးက စကားပြောချင်တယ်ဆိုလို့ လာခေါ်တာပါ”
ငဦးလည်း နေခက သူ့အမေနဲ့စကားပြောချင်တယ်ဆိုလို့ လာခေါ်ပေးတာဖြစ်သည်။ သူ့ကိစ္စနဲ့သူတို့သားအမိ အခြေအတင်ဖြစ်ပြီး စကားကောင်းကောင်း မပြောကြတာကြာပြီလေ။ အခုလည်း နေခက သူမမှားလို့ သူစမခေါ်ဘူးဆိုပြီး အောက်ထပ်မှာ ပေထိုင်နေသည်။ ကိုယ့်ကိုတော့ ကိုဦးဆိုပြီး ရင်းရင်းနှီးနှီး ခေါ်ပြောပြီး ကလေးလိုလုပ်နေသည်။
ပြောရရင် အရင်ကတည်းက ဘုန်းနေခက ကလေးဆန်သည်။ ဂျစ်ကန်ကန်နိုင်သည်။ ဒေါ်ဒေဝီကလည်း တစ်ဦးတည်းသောသားမို့ အလိုလိုက်ထားသည်။ ဒါပေမယ့် ဂျစ်တာ ရစ်တာတော့ရှိပေမယ့် သူ့ဟာသူနေတာကများသည်။ အခုတော့ သူ့ကိုအကိုတစ်ဦးလို ကပ်နေတာဖြစ်သည်။ အင်းပေါ့....သူလည်း အဖေမရှိတဲ့အပြင် မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပြင်းခဲ့ရတာကို။
YOU ARE READING
"ကျွန်"[Completed]
Nonfiksiဘုန်းနေခ 🤍 နေသူရိန် Bhone Nay Kha 🤍 Nay Thu Rein ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များ၊ဇာတ်ကွက်များနှင့် အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးဖြင့်သာ ပုံဖော်ဖန်တီးထားပါသဖြင့် လက်တွေ့ဘဝနှင့်ယှဉ်လျှင် ယုတ္တိရှိချင်မှ ရှိပါလိမ့်မည်။ အမှားများ ပါဝင်ခဲ့သည်...