"ကျွန်"(Part-26)

151 6 0
                                    

Unicode

“ကိုကိုတကယ် ဒီလိုလုပ်မလို့လား”

“......”

“ဦးရော သိလား၊ သိရင် သဘောကျမယ်မထင်ဘူး”

“ဒါဆို ကိုကိုကရော သဘောကျလို့ လုပ်တယ်ထင်နေလို့လား မီးမီး”

မီးမီးမှာ ပြောစရာအဖြေမရှိပါ။ ကိုကိုဘယ်လောက်ထိ ဆုံးဖြတ်ချက်ပြတ်သားတယ်ဆိုတာကို မီးအသိဆုံးမို့ စဉ်းစားပါဦးဆိုပြီးလည်း မပြောရဲပါ။ မီးကိုယ်တိုင်လည်း ဦးနဲ့ဒေါ်ဒေဝီတို့အကြောင်းကို ကိုကို့ကောင်လေး,ကိုဘုန်းနေခဆီက ကြားရတုန်းက ဘယ်လိုမှမယုံနိုင်။ အဲ့ဒီမိန်းမကြီး ဦးအပေါ်ကို အဲ့လောက်တောင် နှိမ်ခဲ့တယ်ဆိုတာ သူ့သား,ကိုနေခကိုယ်တိုင်ပြောတာမို့သာ ယုံရသည်။ ဒါပေမယ့် ဦးက ကိုကိုရဲ့အစ်ကိုဆိုတာကိုတော့ ပြန်လာဖို့ နှစ်လလောက်လိုမှ သိခဲ့ရတာဖြစ်သည်။

“မီးမီးသိလား”

“ဘာကိုလဲ ကိုကို”

“နေခ ဘယ်လိုလူလဲဆိုတာကိုပေါ့”

“ဟင့်အင်း သေချာတော့မသိဘူး၊ မီးသူတို့အိမ်မှာနေတုန်းက သူက‌အနေအေးတယ်။ ပြီးတော့ သူ့အမေကို သိပ်ချစ်တယ်၊ သူ့အမေကလည်း ကိုနေခမျက်နှာအညိုးမခံဘူး”

“ဪ....ဒါဖြင့် ကိုကို့အကိုကိုရော သူတို့ဘယ်လိုဆက်ဆံကြလဲ မီးမီး”

“ကိုနေခကတော့ ပုံမှန်ပါပဲ၊ ဒါပေမယ့် ဒေါ်ဒေဝီကတော့......”

“တွေ့လား မီးမီးမပြောနိုင်ဘူးမဟုတ်လား၊ အဲ့ဒီမိန်းမက ဘယ်လိုတောင်ဆက်ဆံလဲဆိုတာ ကိုကိုလည်း သိသလို မီးမီးလည်း သိတယ်မဟုတ်လား”

နေခပြောလိုက်တော့ မီးမီးဘက်က စကားသံထပ်ထွက်မလာတော့ပါ။ သူက တစ်ကြိမ်ပဲတွေ့ခဲ့ရတာတောင် ဒေါ်ဒေဝီရဲ့ဆက်ဆံပုံကို သိလိုက်သည်။ ပိုဆိုးသည်က သူ့အစ်ကိုနဲ့မီးမီးကို တစ်ဖက်သပ်စွပ်စွဲပြောဆိုနေခဲ့တာမို့။ ပြီးတော့ ကိုကိုနဲ့စကားပြောပြီးတဲ့အချိန်တွင် ဒေါ်ဒေဝီထိပ်ထားဆိုတဲ့ မိန်းမရဲ့စိတ်ဓာတ်ကို ပို၍ရွံလာခဲ့သည်။

အစကတည်းက မောက်မာမှန်းသိပေမယ့် ဒီလောက်ထိဂုဏ်မောက်ပြီး ရိုင်းစိုင်းယုတ်မာတဲ့မိန်းမလို့တော့ မထင်ခဲ့ပါ။ သူမဘဝကို မြောင်းထဲမရောက်အောင် ကလေးတန်ပဲနဲ့ တာဝန်ယူပေးခဲ့ရတာမဟုတ်လား။ အဲ့လိုကလေးဘဝကတည်းက အနစ်နာခံခဲ့ရတဲ့ကိုကို့အပေါ်ကို ဘာလို့ဒီလောက်ထိတောင် ယုတ်မာပြီး အခိုင်းအစေကျွန်လို နိမ့်ချပြီးဆက်ဆံရတာလဲ။

"ကျွန်"[Completed]Where stories live. Discover now