"ကျွန်"(Part-19)

179 7 0
                                    

Unicode

ပိတ်ရက်မှာ နေခနဲ့Dateမည်ဟု ကတိပေးထားတာကြောင့် မနက်အစောကြီးထပြီး အင်္ကျီရွေး‌ရင်း အလုပ်ရှုပ်နေသည်။ ခါတိုင်းနေ့ဆို ဒယ်ဒီ့ကုမ္ပဏီမှာ အလုပ်ဝင်နေတာဖြစ်တာကြောင့် နေခဖုန်းဆက်လည်း မြန်မြန်ပဲပြောပြီး ဖုန်းချပစ်ရသည်။ အဲ့တာကြောင့် ဒီနေ့လိုမျိုး ပိတ်ရက်တွေတော့ မောင့်အား အချိန်ပေးပြီး မောင်နဲ့အတူတူအချိန်ဖြုန်းဖို့ စဉ်းစားထားပါသည်။

“ဆန်းရေ!”

အခန်းဘဲလ်တီးသံနဲ့အတူ ကြားလိုက်ရတဲ့ မောင့်ရဲ့deep voice ကြောင့် ဗျာများရင်း တံခါးအမြန်ဖွင့်ပေးလိုက်သည်။

“ရောက်ပြီလား အစောကြီးပဲရှိသေးတာကို”

“အစောကြီး တမင်လာတာလေ၊ ဆန်းနဲ့အတူတူအကြာကြီးနေချင်တာမို့ ဖြစ်နိုင်ရင် ပုဂံကိုတောင် ပြန်သွားချင်တာ”

နေခတကယ်လည်း ဆန်းနဲ့အကြာကြီး အချိန်ကုန်ချင်တာအမှန်၊ အဲ့တာကြောင့် ညကလည်း အလုပ်တွေကိုပစ်ထားပြီး စောစောအိပ်ကာ ထလာခဲ့ခြင်းဖြစ်သည်။

“မင်းတော်တော်အပိုလုပ်တယ်”

“ဟောဗျာ မောင်ကတကယ်ပြောတာကို ဘယ်မှာအပိုလုပ်နေလို့လဲ”

“ထားပါတော့ ဒီနေ့ဘယ်သွားမှာလဲ”

“ကစားကွင်းသွားမယ်လေ”

“ဟမ် ကစားကွင်း!”

နေခစကားကြောင့် သူရိန်ကြောင်ပင်ကြောင်သွားသည်။ Dateလုပ်တာကို ကစားကွင်းရွေးတဲ့သူ ဘယ်မှာရှိလို့လဲ၊ ကလေးကလားနဲ့။ အေးပေါ့ သူ့ကောင်လေးက ကလေးသာသာရှိသေးတာကို။

“နော် ကစားကွင်းပဲသွားရအောင် ကျနော်ဆန်းနဲ့အတူဆော့ချင်လို့”

“အင်း သွား သွား၊ မင်းသဘော”

“မောင်ပါဆို ဘာကို မင်းလဲ ပြန်ခေါ်ပေး”

“လုပ်လာပြီကွာ....ကျစ် မောင့်သဘော!”

သိသားပဲ...ဘယ်လောက်မခေါ်ဘူးပဲ ငြင်း‌ငြင်း၊ နောက်ဆုံးတော့ သူ့အလိုကို လိုက်ရတာပဲမဟုတ်လား။ နေခတမင်ကစားကွင်းကို ရွေးထားတာက သူ့နေမင်းကြီးကို လွတ်လွတ်လပ်လပ်ပျော်စေချင်လို့ပါ။ မဟုတ်ရင်တောင် သူ့အကြိုက်ဆုံးအလုပ်ကိုလည်း ရပ်နားထားပြီး ‌ မွေးစားအဖေကို ကျေးဇူးဆပ်နေတဲ့အပြင် အမေနဲ့အကိုကိုပါ ရှာနေရသေးတဲ့သူ့ကောင်လေးက ဘယ်လောက်တောင် ပင်ပန်းနေမလဲ။

"ကျွန်"[Completed]Where stories live. Discover now