Unicode
မီးမီးကို လေယာဉ်ကွင်းလိုက်ပို့ပေးရန် ဒယ်ဒီ့အိမ်ကို အစောကြီးရောက်နေသည်။ မီးမီးကတော့ ပစ္စည်းတွေသေချာစစ်ပြီး ထုတ်ပိုးနေတာကြောင့် အောက်ထပ်သို့ဆင်းမလာသေးချေ။ အဲ့တာကြောင့် သူရိန်လည်း ဒယ်ဒီနဲ့အလုပ်ကိစ္စဘာညာပြောပြီး နေခအကြောင်းကိုလည်း ဆက်ပြီးပြောပြနေမိသည်။ ဒယ်ဒီက ခေတ်မီပြီးသားမို့ ဒီလိုယောက်ျားလေးချင်းကြိုက်တာကို မကန့်ကွက်ပါ။ ပြီးတော့ ဒယ်ဒီနဲ့တစ်ခါတည်း မိတ်ဆက်ပေးရန်လည်း နေခကို ဒယ်ဒီ့အိမ်သို့ ခေါ်ထားသည်။
“နောက်ကျလိုက်တာ ကျနော် ဖုန်းဆက်ကြည့်လိုက်ဦးမယ် ဒယ်ဒီ”
“ရပါတယ် သားရယ်၊ ဖြေးဖြေးပေါ့ မင်းညီမတောင် ပြင်လို့ ဆင်လို့ မပြီးသေးဘဲ”
ဦးမင်းမျိုးလည်း သူရိန့်ကိုကြည့်ရတာ လောနေမှန်းသိတာမို့ မလောစေရန်ပြောလိုက်သည်။ သားက ချစ်သူရှိနေပြီလို့ ဖွင့်ပြောတော့ မအံ့ဩပေမယ့် ယောက်ျားလေးတစ်ယောက်ဆိုတော့ အံ့ဩတယ်ဆိုတာထက် ပိုသွားတာတော့အမှန်။ ဒါပေမယ့် သားလိုလူက ရွေးချယ်တယ်ဆိုကတည်းက မှားယွင်းတဲ့ရွေးချယ်မှုတော့ မဖြစ်ဘူးလို့ သူယုံကြည်သည်။ အဲ့တာကြောင့်လည်း ဦးမင်းမျိူးဒီအခြေအနေကို လက်ခံနိုင်ပြီး သားရဲ့ချစ်သူကောင်လေးကို တွေ့ဖို့ လက်ခံလိုက်ခြင်းပင်။
ဆိုင်ကယ်သံနဲ့အတူ ခြံတံခါးဘဲလ်တီးသံပါ တစ်ဆက်တည်းကြားလိုက်ရတာကြောင့် နေခရောက်နေပြီဆိုတာ သူရိန်သိလိုက်သည်။ အဲ့တာကြောင့် ဆက်လက်စဖုန်းကို ပိတ်ကာ ခြံတံခါးဆီသွားလိုက်မိသည်။
“မောင် ရောက်ပြီ ဆန်း”
“လာ လာ မင်းကို စောစောလာပါလို့ ပြောထားတာကို၊ မီးမီးကို လေယာဉ်ကွင်းလည်း လိုက်ပို့ရဦးမှာ”
“မောင်ရောက်တာ ကွက်တိပါဘဲ ဆန်းရဲ့၊ ဆန်းကသာ လောနေတာ”
သူရိန်လောနေမိတာတော့ ဝန်ခံပါသည်။ ဒါပေမယ့် ဒီကောင်လေးလည်း နောက်ကျတာဘဲမဟုတ်လား၊ အဲ့တာကျ မပြောဘဲ သူ့ကိုချည်း ပြောနေကြတာ။ ဒယ်ဒီကလည်း ဖြေးဖြေးဆိုပြီး ပြောလိုပြော၊ အခုသူကပါလာပြီး လောနေတယ်လို့ လာပြောနေတာ။
YOU ARE READING
"ကျွန်"[Completed]
Non-Fictionဘုန်းနေခ 🤍 နေသူရိန် Bhone Nay Kha 🤍 Nay Thu Rein ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များ၊ဇာတ်ကွက်များနှင့် အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးဖြင့်သာ ပုံဖော်ဖန်တီးထားပါသဖြင့် လက်တွေ့ဘဝနှင့်ယှဉ်လျှင် ယုတ္တိရှိချင်မှ ရှိပါလိမ့်မည်။ အမှားများ ပါဝင်ခဲ့သည်...