Unicode
မီးမီးအပြင်ဘက်မှာ စောင့်နေရတာကြာနေပြီဖြစ်သည်။ ဟိုမိန်းမကြီးလည်း အထဲကို ဝင်သွားတာကြာနေပြီး ပြန်ထွက်မလာသေး။ တစ်ခုခုများဖြစ်နေတာလား၊ ဒါမဟုတ် သူတို့နှစ်ယောက်ပေါင်းပြီး မကောင်းတာလုပ်ဖို့ပဲ ကြံနေတာလား။ တွေးမရတဲ့အဆုံး ထွက်ပြေးဖို့ပဲ ကြိုးစားလိုက်သည်။ ဖုန်းမရလည်း ဒီတောထဲကနေ လွတ်အောင်ပြေးနိုင်ရင် အကူအညီတောင်းလို့ရနိုင်မှာပဲ။ အဲ့တာကြောင့် ဒေါ်ဒေဝီထိပ်ထားကို ဆက်ပြီး စောင့်မနေတော့ဘဲ မီးမီးကိုယ့်အားကိုယ်ကိုးဖို့ပဲ ဆုံးဖြတ်လိုက်သည်။
“မီးမီးမင်း!!!!!”
ထွက်ပြေးဖို့ ခြေလှမ်းတွေစတင်ချိန်မှာ ကြားလိုက်ရတဲ့ ဒေါ်ဒေဝီထိပ်ထားရဲ့ ကျယ်လောင်လှတဲ့အသံနဲ့အတူ ခေါ်ခြင်းကို ခံလိုက်ရတဲ့သူမရဲ့နာမည်ကြောင့် ခြေလှမ်းတွေက ရှေ့ကို ဆက်မသွားတော့ဘဲ ထိုမိန်းမကြီးနဲ့သီဟဆိုတဲ့လူရှိတဲ့နေရာကို အလိုလိုဦးတည်မိလျက်သား ဖြစ်သွားသည်။
အပြေးတစ်ပိုင်းဝင်သွားပြီးတဲ့နောက်မှာ တွေ့လိုက်ရတာက ဒေါ်ဒေဝီထိပ်ထား၏ခန္ဓာကိုယ်ကို ရမက်စိတ်မွှန်စွာနဲ့ ရယူဖို့ကြိုးစားနေတဲ့သူက သီဟ။ မီးမီးလည်း ကြောင်ပြီး ရပ်ကြည့်နေမိသည်။ သူမထင်ထားတဲ့အနေအထားက ဒီလိုမှမဟုတ်တာ။
“မီးမီးမင်း ဘာလုပ်နေတာလဲ၊ ဖုန်းကို ယူသွားတော့ သွားလေ”
“ဟင်!”
“ဟင်တွေ ရှင်တွေ လုပ်မနေနဲ့၊ ဒီအယုတ်တမာရဲ့လူတွေရောက်လာတော့မှာ။ တို့ဖုန်းက မင်းရှေ့မှာ...ယူပြီး သွားတော့။ မင်းကို လာခေါ်မယ့်သူတွေကို ခေါ်လိုက် မြန်မြန်သွား!!”
“ရှင်ကရော ရှင့်ကို မထားခဲ့နိုင်ဘူး...”
ဒေါ်ဒေဝီလည်း ကြောင်ပြီးရပ်နေတဲ့ကောင်မလေးကို လှမ်းပြောရတာကတစ်မျိုး၊ သီဟဆိုတဲ့လူယုတ်မာရဲ့မသတီစရာကောင်းတဲ့လက်တွေက သူမရဲ့ခန္ဓာကိုယ်ပေါ်မှာအတင်းအကျပ်နေရာယူနေတာမို့ ဖယ်ထုတ်ရတာကတစ်မျိုးနဲ့ ဗျာများနေသည်။ တော်သေးသည်က သီဟက အရက်မူးနေတာဖြစ်ပြီး သူမရဲ့ခန္ဓာကိုယ်ကလွဲပြီး တခြားအရာကို စိတ်မဝင်စားတာကြောင့် ထိုကောင်မလေးရောက်နေတာကို မသိဘဲ သူမကိုသာ အာရုံရနေတာကြောင့် ထိုသို့စကားပြောနေနိုင်တာဖြစ်သည်။
YOU ARE READING
"ကျွန်"[Completed]
No Ficciónဘုန်းနေခ 🤍 နေသူရိန် Bhone Nay Kha 🤍 Nay Thu Rein ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များ၊ဇာတ်ကွက်များနှင့် အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးဖြင့်သာ ပုံဖော်ဖန်တီးထားပါသဖြင့် လက်တွေ့ဘဝနှင့်ယှဉ်လျှင် ယုတ္တိရှိချင်မှ ရှိပါလိမ့်မည်။ အမှားများ ပါဝင်ခဲ့သည်...