"ကျွန်"(Part-32)

164 7 0
                                    

Unicode

“တစ်ခန်းလုံးက မှောင်မည်းနေတာပဲ‌‌နော်”

“ဂိုထောင်ပါဆိုမှ လင်းနေပါ့မလား မီးမီးမင်းရယ်”

“ဪ ဂိုထောင်လည်း မီးလေးတော့ ထွန်းပေးသင့်တယ်လေ ဒေါ်ဒေဝီထိပ်ထားရဲ့”

ဒေါ်ဒေဝီလည်း သက်ပြင်းကိုသာ ချလိုက်မိသည်။ ဖမ်းထားပါတယ်ဆိုမှ ဘယ်သူက လင်းလင်းထင်းထင်းထားပေးမှာတဲ့လဲ။ မနှိပ်စက်ပဲ ဒီအတိုင်းပိတ်ထားတာပင် ကံကောင်းသည်လို့ မှတ်ရမည်။ အဲ့တာကိုတောင် ဒီကောင်မလေးက မီးမလင်းလို့ဆိုပြီး ပြဿနာရှာနေသေးသည်၊ ဟိုနေ့က သူမပါးကို ဆက်တိုက်ရိုက်ခဲ့တဲ့ကောင်မလေးမှ ဟုတ်ပါလေစ။ ကလေးတွေဖြူစင်တယ်ဆိုတာကို လက်ခံရဦးမည်၊ ဘာလို့ အငြှိုးအတေးမှ မရှိဘဲ။ ဒီကောင်မလေးရဲ့ နှလုံးသားကို အပိုင်ရထားတဲ့ငဦးဆိုတဲ့ကောင်က ကံကောင်းလိုက်တာ‌။

“ပြောနေတာ ကြားရဲ့လား ဒေါ်ဒေဝီထိပ်ထားရေ!!”

“မင်းပါးစပ်ကို တိုးတိုးပြောစမ်းပါကွ! အပြင်က ကြားသွားရင် ကြိုးတုပ်တာ ပြန်ခံနေရဦးမယ်”

“အဲ့တာဆို ကျမပြောတာလည်း အရေးလုပ်လေ ဒေါ်ဒေဝီထိပ်ထားရဲ့”

“မင်းနဲ့တော့ ခက်တာပဲ၊ မမောဘူးလားကွာ တို့နာမည်ကို အပြည့်အစုံကြီးခေါ်နေတာ။ စိတ်ရှုပ်ဖို့ကောင်းတယ်”

“ဪ မမောဘဲနေမလား၊ ရှင့်ကို တခြားခေါ်စရာ နာမ်စားရှိမနေဘူးလေ။ အဲ့တော့ မောလည်း ခေါ်ရမှာပဲ၊ ဒါနဲ့ ဒီနေရာက ဘယ်နေရာလဲဆိုတာ သိလား”

“မသိဘူး”

တုံးတိဖြေချလိုက်တဲ့အဖြေကြောင့် စိတ်အားထက်သန်နေတဲ့တစ်ဝက်လောက် ဝှီးခနဲဆိုသလို ကျသွားသည်။ မီးမီးတို့တော့ လူပေါင်းမှားပြီ၊ ဘယ်နှယ့် သူက ဒီကို သူ့ကားနဲ့သူမောင်းလာတာမဟုတ်ဘူးလား။ အဲ့တာတောင် ဘယ်နေရာမှန်းမသိဘူးဆိုတော့ ဒီမိန်းမကြီးရဲ့ ဦးနှောက်က ပုံမှန်အလုပ်မလုပ်တော့တာလား၊ ဒါမှမဟုတ် ဉာဏ်များနေတာလား။ တစ်ခုခုတော့ တစ်ခုခုပဲ။

“ရှင် ဒီကို ကိုယ့်ခြေထောက်နဲ့ကိုယ်ရောက်လာတာမဟုတ်ဘူးလား”

"ကျွန်"[Completed]Where stories live. Discover now