5

22.3K 654 37
                                    

🍒 Part - 5 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"သျှင်းဆက် နင်.. နင့်ကိုငါလုပ်သဝာ်မယ်"

အိမ်ထဲဝင်ဝင်ချင်း အမေ့ရဲ့စူးခနဲအသံနှင့်အတူ သူ့ကိုပြေးလာရိုက်သောအမေ့ကြောင့် ဘာမှမတွေးနိုင်အားဘဲ အရင်ခုန်ရှောင်လိုက်ရသည်။
အမေကတော့ တကယ်ပဲဒေါသကြီးနေကာ ကြက်မွှေးတစ်ချောင်းကိုင်ရင်း သူ့ကိုထပ်ရိုက်ဖို့ကြိုးစားလာတော့ အဖေက အမေ့လက်ကိုလှမ်းဆွဲ၏။

"လွှတ်.. ကျွန်မကိုလွှတ်"

"မင်းကလည်း အေးဆေးမေးကြည့်ပြီးရှာခိုင်းလိုက်ပါ မပုလဲရယ် ကလေးက မုန့်သွားစားတာလားမှမသိတာ"

"စားစရာလား အထွေးလေးက ဘယ်တုန်းကအပြင်ထွက်ဖူးလို့လဲ ဒီနေ့တောင် ကျွန်မသွားခေါ်လာလို့ လိုက်လာတာ"

အထွေးလေးဆိုမှ ဟိုငအူမလေးကိုသတိရလိုက်ကာ ရင်ထဲဒိန်းခနဲဖြစ်သွားပြီး အမေ့ကိုဘာမှပြန်မပြောတော့ဘဲ အိမ်ထဲကပြန်ပြေးထွက်လာခဲ့ကာ ကားကိုမောင်းထွက်လာခဲ့တာ အကြမ်းပတမ်း။
အခုထိပြန်မရောက်သေးဘူးလား၊ အဲ့လောက်အ,ရသလား ဒီဟာမလေးကတော့…

စိတ်ထဲမှ အမျိုးမျိုးအပြစ်တင်နေမိရင်း ရှေ့ကကားတွေကို ဖြစ်သလိုကွေ့ဝိုက်တက်ကာ သူထားခဲ့သောနေရာကိုသာ အမြန်ရောက်ချင်နေမိသည်။
အနည်းငယ်လည်းမှောင်နေခဲ့ပြီမို့ လူရှင်းသောထိုလမ်းမှာ ဒီဟာမလေး ဘယ်လိုအန္တရာယ်ဖြစ်နေမလဲဟုတွေးကာ ရင်တွေပူလာမိသည်အထိ။
လမ်းလေးထဲသို့ ကားကိုကွေ့ဝင်လိုက်သည့်အခါ မီးတိုင်အောက်မှာ ငုတ်တုပ်လေးရှိနေသေးသော သူမကို လှမ်းမြင်လိုက်ရသည်။

"ထွေးပွေ့"

ကားရပ်ရပ်ချင်းသူ့ခေါ်သံကြောင့် ချာတိတ်မက တုတ်လေးတစ်ချောင်းဖြင့် မြေကြီးပေါ်ရေးခြစ်နေရာမှ မျက်နှာလေးမော့လာပြီး သူ့ကိုတွေ့လိုက်သည်နှင့်ပြုံးမြသွားသည်။
သို့သော် တင်းမာနေသောသူ့ပုံစံကြောင့်ထင်၏။ ချက်ချင်း မျက်နှာလေးပျက်သွားကာ ကြောက်ရွံ့သွားဟန်ဖြင့် တုန်တုန်ယင်ယင်ထရပ်လိုက်သည်။
တကယ်လည်း သူ စိတ်ပူနေခဲ့ရင်း၊ အိမ်ကနေ ချက်ချင်းပြေးထွက်ကာလိုက်ရှာရင်း၊ စိတ်တိုနေခဲ့ပြီမဟုတ်လား…

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now