Extra 8

27K 1.2K 150
                                    

🍒 Extra Part - 8 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အိစက်မွှေးပျံ့သော ခပ်နွေးနွေးအရာလေးတစ်ခုသည် သူ့ရင်ဘတ်ပေါ်မှာရှိနေကာ သည်းမှန်းသိလိုက်သည့်စိတ်က အလိုလိုပြုံးသွားမိသည်အထိ။
မျက်လုံးတွေဖွင့်ကြည့်မိတော့ သည်းသည် အဝတ်အစားမပါဘဲ သူ့ရင်ဘတ်ပေါ်မှာ မှောက်လျက်ကလေးအိပ်နေကာ သူနဲ့အနီးဆုံးမှာရှိနေသည်က နှာတံချွန်ချွန်လေး…

ထိုနှာတံလေးကို ဖွဖွလေးကိုက်မိချိန်တွင် အနည်းငယ်လှုပ်လာသော ကိုယ်လေးကို ထိန်းပွေ့လိုက်ရင်း သည်းမျက်လုံးလေးပွင့်လာမည့်အချိန်ကို စောင့်နေလိုက်သည်။
လက်ကလေးတစ်ဖက်ကာ သူ့ရင်ဘတ်ကို ဖွဖွရွရွလေး ထိတွေ့ပွတ်သပ်လာပြီးမှ မျက်လုံးကလေးတွေပွင့်လာကာ…

"Morning ယောကျာ်း"

တဲ့လေ…
ထိုအသုံးအနှုန်းလေးကြောင့် ရင်ထဲပျော်ဆင်းသွားမိကာ သူမကိုယ်လေးကို ခါးလေးမှပင့်တင်ပြီး နှုတ်ခမ်းလေးကို ညင်သာစွာဖိကပ်နမ်းရှိုက်လိုက်မိသည်။
သူမသည် ကိုယ့်ဘဝရဲ့ အလေးနက်ဆုံးအဓိပ္ပါယ်လေးဖြစ်ပါ၏။
ဒီဘဝ၊ ဒီအသက်မချုပ်ငြိမ်းသေးသ၍ စိတ်နှင့်ခန္ဓာနှစ်ခုလုံး သူမထံပါးမှာပဲ နှစ်မြုပ်ထားရင်းသာ ကုန်ဆုံးချင်ပါသည်။

"ဒီနေ့Weddingနော် ကိုကို"

"အင်း.. သည်းကိုအပိုင်ရတော့မယ့်ပွဲ"

"အရင်ကရော မရလို့လား ဟိုးအရင်ကတည်းက အခုချိန်ထိ ထွေးကကိုကို့ရဲ့အပိုင်ပဲလေ"

"တရားဝင်ပိုင်ရပြီလေ အချစ်ကလေးရဲ့"

သူမနှုတ်ခမ်းလေးထက်တွင် ရှက်ပြုံးလေးတစ်ပွင့် ဖူးပွင့်သွားသောအခါ ဤမနက်ခင်းသည် ပိုပြီးပြည့်စုံသွားခဲ့လေသည်။

🍒🍒🍒🍒🍒

"ငါတို့အထွေးလေးတောင် သတို့သမီးဖြစ်သွားပြီပဲ"

ထွေးရဲ့မိတ်ကပ်Artistက မျက်ရည်ရစ်ဝဲသောအကြည့်တွေဖြင့် တစိမ့်စိမ့်ကြည့်ရင်း ရင်ဖွင့်လာတော့ ထွေး ရှက်ပြုံးလေးပြုံးလိုက်မိသည်။
JoyမှာHRဘက်ရောက်သွားပေမယ့် ဒီလူတွေဟာအမြဲတမ်းမြင်တွေ့နေရပြီး ထွေးနဲ့အတူ နှစ်နှစ်နီးပါးအတူသွား၊ အတူလာခဲ့ကြသူတွေမို့ ညီအစ်မတွေလိုဖြစ်နေသည်လေ။
ဒါကြောင့်လည်း ထွေးရဲ့မင်္ဂလာပွဲအတွက် ဒီလူအုပ်ကြီးကပါ ပါဝင်စီစဥ်ပေးခဲ့ကြပြီး ကိုကိုနဲ့လည်း အတော်လေးရင်းနှီးနေခဲ့ကြပြီဖြစ်သည်။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now