7

22.1K 662 26
                                    

🍒 Part - 7 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

တစ်ညနေလုံးငိုယိုနေမိပြီး မျက်လုံးတွေလည်း ကိုက်နေပြီမို့ ဆက်မငိုချင်တော့ဘဲ အိပ်ရာထဲမှလူးလဲထထိုင်လိုက်ကာ ထမင်းသွားစားရန် ဆံပင်တွေကိုစည်းလိုက်သည်။
ထိုအခါမှ ထွေးရဲ့အခန်းဖော် Third yearမှ မမစိမ်းက ထွေးရဲ့ခုတင်ပေါ်တက်ထိုင်ကာ နဖူးကိုစမ်းကြည့်ရင်း…

"နေမကောင်းသေးလို့လား ညီမလေး အဖျားတော့မရှိပါဘူး"

"မဟုတ်ဘူး မမစိမ်း သမီးအိမ်ကိုလွမ်းနေတာ"

"ရောက်ကာစမို့ပါ တစ်လလောက်နေရင် အသားကျသွားမှာ အခုထမင်းသွားစားတော့မလား"

"ဟုတ်"

"အဲ့ဒါဆို မျက်နှာသွားသစ်လိုက် တို့အတူတူသွားရအောင်"

အဆောင်သူအချင်းချင်း ဒီလိုရောနှောနေရင်းမှ ရင်းနှီးသွားကြတာပဲမို့ ထွေးအလိုက်သင့်ခေါင်းညိတ်ပြလိုက်ကာ ထိုမမကို ကိုကို့အကြောင်းမေးကြည့်ရမလားဟု စိတ်ကူးလိုက်မိသည်။
ထွေး ဒီလိုမေးမိတာကို ကိုကိုပြန်သိသွားရင်ရော ကိုကို ထွေးကိုထပ်အနိုင်ကျင့်နေဦးမလား…

"အနိုင်ကျင့်တာမဟုတ်ဘူး ဒီအတိုင်းနမ်းချင်လာလို့ နမ်းလိုက်တာ"

ဆိုသော ကိုကို့စကားက နားထဲစွဲနေသောကြောင့် ချစ်လည်းမချစ်ဘဲ အဲ့လိုနမ်းလို့ရသလားဟု သိချင်မိသည်။
ကိုကို့ကို ၄နှစ်ကျော် crushမိသည်ဆိုပေမယ့် အချစ်၊ အနမ်း၊ အထိအတွေ့နှင့်ပတ်သက်လာလျှင်တော့ ထွေးသည် Level zeroသာဖြစ်သည်။
ကိုကိုကတော့ Levelဘယ်လောက်ရောက်နေသလဲမသိဘဲ ထွေးကို ပိုင်စိုးပိုင်နင်းပွေ့ပိုက်နမ်းရှိုက်သွားပုံက တစ်ချက်ကလေးမှ တွေဝေထိတ်လန့်နေတာမျိုးမရှိ။

"မမကိုမေးမလို့"

"အင်း"

"ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုနမ်းတာကလေ ညီမလိုချစ်လို့ဆိုတာဖြစ်နိုင်လားဟင်"

"ဖြစ်နိုင်ပါတယ် ညီမလိုသဘောထားလို့ အသည်းယားပြီးနမ်းမိတာမျိုးတွေ.. ဘယ်လိုနမ်းလို့လဲ ညီမလေးရဲ့"

"ဇာတ်ကားတွေထဲကလိုလေ kissingပေးတာလို့ခေါ်တာမလား အဲ့ဒါ"

"အဲ့ဒါဆို ညီမလိုချစ်လို့မဟုတ်ပါဘူး သမီးရည်းစားတွေမှ အဲ့လိုနမ်းကြတာ"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now