20

29.6K 895 64
                                    

🍒 Part - 20 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

တစ်ယောက်တည်း အိပ်ရာထဲလူးလိမ့်နေရင်း ရင်တွေခုန်နေမိကာ ကိုကို့မျက်နှာကိုသာ မျက်လုံးထဲပြန်မြင်နေမိသည်။
ကိုကိုက ထွေးကိုလက်ဆောင်ပေးခဲ့သည်ဆိုသည့် အသိကြောင့် ဘာလုပ်လုပ်ရင်တွေခုန်နေကာ အလိုလိုနေရင်းပြုံးနေမိသည်အထိ။
လက်စွပ်ကလေးကိုကြည့်မိတိုင်း ရင်ထဲကျဥ်တက်သွားပြီး တခစ်ခစ်ရယ်မိပြန်သည်။

"နင် ဘာဖြစ်နေတာလဲ"

ငြိမ်းက ထွေးကိုမေးလာတော့မှ ထွေးတစ်ယောက်တည်းမဟုတ်မှန်း အသိဝင်ကာ အိပ်ရာထဲမှလူးလဲထရင်း ငြိမ်းကိုပြုံးပြလိုက်သည်။
ပြန်ရောက်ကတည်းက တစ်ယောက်တည်းရယ်နေသောကြောင့် ထွေးကို စူးစမ်းသလိုကြည့်နေမှာ အသေအချာ..

"လက်ဆောင်ရလာလို့"

"ဒါကြောင့် ပြုံးစိစိဖြစ်နေတာကိုး ဘာလေးလဲပြစမ်းပါ"

ထွေး လက်ကလေးထောင်ပြလိုက်တော့ Primroseဟုခေါ်သော လက်စွပ်ကလေးက လက်ခနဲဖြစ်သွား၍ ငြိမ်းကလည်း အံ့ဩသွားလေသည်။
ပြုံးရွှင်သွားသောမျက်နှာဖြင့် ထွေးလက်ကလေးကိုဆွဲယူကြည့်ပြီး အားပါးတရရယ်နေခဲ့ပြီး…

"ဘယ်သူပေးတာလဲ"

"ကိုကို"

"ကိုကို"

"အင်း"

စောစောကထက် ပိုပြီးအံ့ဩသွားသောငြိမ်းက ထွေးလက်ကို မသိမသာလွှတ်ချလိုက်ကာ မယုံနိုင်သလို မော့ကြည့်လာ၏။
မှန်ရာပြောရရင် ထွေးတောင် မယုံနိုင်ခဲ့ဘူးမလား…

"ဟုတ်လို့လား"

"အေးဆို ထပ်ပြီးမယုံနိုင်စရာပြောရရင် ကိုကိုကိုယ်တိုင်ဝတ်ပေးလိုက်တာ"

"အယ်!"

"ရင်ခုန်စရာကြီးနော"

"ဟဲ့.. မဟုတ်မှလွဲရော အဲ့ဒီလူကြီးက နင့်ကို.."

လက်ညှိုးလေးထိုးကာ စကားဆက်မပြောနိုင်တော့သည်အထိ ငြိမ်းကအံ့ဩမှင်သက်နေပေမယ့် ထွေးကတော့ ခေါင်းလေးညိတ်ပြရင်း ရယ်နေခဲ့မိ၏။
ကိုကိုက ထွေးကိုစိတ်ဝင်စားနေကြောင်း ဝန်ခံခဲ့ပြီးပြီမို့ ကိုကို့ဘက်က ရှေ့ဆက်တိုးလာမလားဟု မျှော်လင့်ခဲ့မိသည်။
မျှော်လင့်ထားသလို ဒီနေ့တစ်ဆင့်တိုးလာပြီမို့ နောက်များဆို ကိုကိုနဲ့လက်ချင်းတွဲပြီး တစ်လောကလုံးကို ချပြလိုက်ချင်ပါသည်။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now