16

23K 823 35
                                    

🍒 Part - 16 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အဆောင်မှာငြိမ်းနဲ့အတူ နေခွင့်ရပြီမို့ ထွေးပျော်နေမိကာ ကျောင်းသွားလည်းအတူတူ၊ အပြင်သွားလည်း အတူတူပဲမို့ ပိုပျော်မိသည်။
စိမ်းသက်သောနယ်မြေတစ်ခုကို အချစ်ဆုံးသူငယ်ချင်းနှင့် အတူနေရသည့်အဖြစ်ဟာ ထွေးကို စိတ်သက်သာရာရစေသလို ပိုပြီးလည်းပေါ့ပါးစေပါသည်။
မမစိမ်းနှင့်တော့မနေဖြစ်တော့ဘဲ ငြိမ်းနဲ့တစ်ခန်းတည်းနေဖြစ်သွားကာ ငြိမ်းက ဟင်းချက်တတ်သူမို့ အပြင်လည်းထွက်မစားဖြစ်တော့။

"ခုတင်ဆက်လိုက်ဟာ ကျယ်ကျယ်လွင့်လွင့်လည်းအိပ်လို့ရတယ် အခန်းလည်းပိုကျယ်သွားမယ်"

"အင်း"

"ဒီမယ် ငါအချဥ်ပေါင်းထုတ်တွေလည်း ဝယ်ထားတယ် စားချင်ရင်"

"အေးပါ"

"ဒီမှာထမင်းချက်လို့ရလား"

"ရတယ်လေ အပြင်ကစင်တွေတွေ့လား အဲ့ဒီမှာကိုယ့်ဘာသာချက်လို့ရတယ် ဒါပေမယ့် ထမင်းဟင်းချက်မယ်ဆို မီတာကြေး၅၀၀၀ပိုပေးရတယ်"

"ကိုယ့်ဘာသာချက်စားရအောင် အထွေးမ.. ငါအပြင်စာတွေမစားနိုင်ဘူး ရန်ကုန်က ငါတို့နယ်လိုမဟုတ်ဘူး ဈေးကြီးလိုက်တာ"

"မန္တလေးကရော"

"မန္တလေးက ဈေးသက်သာသေးတယ်ဟဲ့ အပြင်တစ်ခါထွက်စားရင် ၁သောင်းခွဲလောက်ပါသွားရင်တောင် ဗိုက်ဝတယ် ဒီမှာကအဲ့လိုမဟုတ်ဘူး"

"ဟုတ်လား"

အစရှိသော ငြိမ်းရဲ့စကားတွေကလည်း အံ့အားသင့်စရာကောင်းလှ၏။
ထွေးသည် ထွေးတို့မွေးရပ်မြေနယ်မြို့လေးနှင့် အဆောင်တစ်ဝိုက်၊ ကျောင်းတစ်ဝိုက်ကလွဲလျှင် ဘယ်ကိုမှမရောက်ဖူးသော နွားခြေရာခွက်ထဲက ဖားသူငယ်လေးသာဖြစ်သည်။
ထွေးထက်စာလျှင် လူရည်လည်သောငြိမ်းက အစစအရာရာမှာ အားကိုးရသူဖြစ်ပြီး ငြိမ်းပြောသမျှကိုနားထောင်ပြီး အမှားအမှန်ခွဲခြားရသည်မှာလည်း အင်အားတစ်ခုဖြစ်၏။

"အထွေးမ ငါနင့်အတွက်ပီဇာဝယ်လာတယ်"

အဆောင်ထဲမှာသာ နေတတ်သောထွေးအတွက် ငြိမ်းက မုန့်တွေလည်းဝယ်လာပေး၍ ငြိမ်းရောက်လာမှ ထွေးရဲ့Uni lifeက ပိုပြီးပျော်စရာကောင်းလာသလိုပင်။
ငြိမ်းသွားနေကျ Beauty saloonကို အလည်အပတ်လိုက်သွားမိတော့လည်း ထွေးအတွက် အံ့အားသင့်စရာတွေချည်းသာဖြစ်သည်။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now