28

29.9K 824 49
                                    

🍒 Part - 28 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

တစ်ကိုယ်လုံး တင်းတင်းကျပ်ကျပ်ကြီးအဖက်ခံထားရ၍ ပူအိုက်လာသောကြောင့် ထွေးပြန်နိုးလာခဲ့ကာ မျက်လုံးဖွင့်ကြည့်မိသည်နှင့် ကိုကို့ရင်ဘတ်ကြီးက ဆီးကြိုနေသည်။
အသာလေးတွန်းဖယ်ပစ်ကာ ကိုကို့ကိုကျောပေးလိုက်တော့ ကိုကိုက ခါးကိုဖက်ပြီးဆွဲယူလိုက်၍ ထိုရင်ဘတ်ကြီးမှာ ကျောကပ်မိသွားပြန်၏။
ထို့နောက် သူမပခုံးနှင့်လည်တိုင်မှာ ဖိကပ်နမ်းလာသော နှုတ်ခမ်းနွေးနွေးတွေ...

"ကိုကို မကိုက်နဲ့နော်"

"မကိုက်ပါဘူး သည်းကလည်း"

ရယ်သံသဲ့သဲ့နှင့်အတူ သိမ်းကျုံးပွေ့ဖက်ခံလိုက်ရပြီး နှုတ်ခမ်းတွေကို ထပ်ပြီးနမ်းရှိူက်လာသောကြောင့် ကိုကို့အနမ်းတွေကြားမှာ မွှန်းကြပ်သွားမိသည်။
ဟိုတစ်ခါကလောက် ရှက်မနေတော့ဘဲ ကိုကို့လည်ပင်းကိုဖက်ကာ အနမ်းတွေကိုကြည်ဖြူနေလိုက်သည့်အခါ ကိုကိုက နောက်တစ်ခါ စ,လာပြန်၏။
သူမခြေထောက်တွေကို သူ့ခြေထောက်တွေနှင့် ခွဲခွာပစ်ကာ အလည်မှာနေရာယူလာပြီး ထွေးစိတ်ပါအောင် အသည်းအသန်နမ်းရှိုက်နေသည်။

"ကိုကို"

"အကာအကွယ်ပါတယ်"

"ပြန်ခါနီးပြီလေ စောစောကလိုအိပ်ပျော်သွားလိမ့်မယ် ဟင့်အင်းလို့"

"သည်းမပင်ပန်းစေရဘူး ကိုယ့်ဘာသာပဲလုပ်မယ်"

"အဲ့လိုရလို့လား"

"ရတာပေါ့ မယုံရင်ငြိမ်ငြိမ်နေ"

ပြောပြောဆိုဆိုဖြင့် သူမကိုယ်ထဲတိုးဝင်လာသော ကိုကို့ကြောင့် လည်ပင်းကိုပြန်ဖက်ထားရင်း မျက်နှာလေးမော့သွားတော့ ကိုကိုကထွေးကိုသိုင်းဖက်၏။
ထွေးနှင့်ရင်ဘတ်ချင်းကပ်ထားပြီး လည်တိုင်မှာမျက်နှာအပ်ကာ လှုပ်ရှားနေပုံက တကယ်ကိုညင်ညင်သာသာပဲဖြစ်သည်။
စောစောကတစ်ခေါက်လို ရမ္မက်ဆန်သော၊ ပြင်းပြသောထိတွေ့လောင်ကျွမ်းခြင်းတွေ မပါဝင်ဘဲ ခံစားချက်တွေသည် တငြိမ့်ငြိမ့်မို့ သူမ မငြင်းဆန်ချင်တော့...

"ကိုကို တခြားသူတွေနဲ့ရော ဒီလိုပဲလား"

"အဲ့ဒါတွေမမေးနဲ့"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now