47

23K 789 49
                                    

🍒 Part - 47 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဒီနေ့ဖြေမှာလား"

"အင်း"

"ထွေးလိုက်ခဲ့ချင်လို့ ရမလား"

ဒီနေ့ စာတွေ့ဖြေရမည့်နေမို့ ကိုကိုက သေချာပြင်ဆင်နေရင်း ထွေးရဲ့စကားကြောင့် ထွေးကိုငဲ့ကြည့်လာသည်။
ခဏတော့စဥ်းစားနေပြီးမှ ထွေးခေါင်းလေးကို ရင်ခွင်မှာဆွဲယူကပ်ထားရင်း ဆံပင်တွေကို အသာလေးပွတ်သပ်ကာ...

"ကြာမှာလေ သည်းရဲ့ ၃နာရီတောင်မှ"

"ရတယ် ကိုကို့ကိုစောင့်ချင်လို့"

"ဘာလို့လိုက်ချင်တာလဲ စိတ်မချလို့လား ယောကျာ်းလေးတွေချည်းပဲ"

"BLတွေဖြစ်နေလိမ့်မယ် မရဘူး"

"ကလေးကျနေတာပဲကွာ"

ထွေးနဖူးကိုငုံ့နမ်းကာ ပြန်လွှတ်ပေးပြီး ကိုကိုကကျောပိုးအိတ်ကိုကောက်လွယ်ကာ ထွေးဆီလက်ကမ်းပေးသောကြောင့် ထွေး ကိုကို့လက်ကိုပြန်ဆုပ်ကိုင်လိုက်၏။
ထွေးတို့အတူထွက်လာကြတော့ အန်တီပုလဲကပြုံးပြီးကြည့်နေခဲ့ပေမယ့် ဘာမှမပြောတာမို့ သူမ ရှက်ပြုံးလေးပြုံးလိုက်မိသည်။

ကိုကိုစာမေးပွဲဖြေရမည့် Hotelက ဆူးလေဘုရားနားမှာရှိသော Hotelတစ်ခုဖြစ်ကာ ထွေးတို့ရောက်သွားတော့ စာမေးပွဲစရန် အချိန်နည်းနည်းလိုသေးသည်။
ကိုကိုပြောသည့်အတိုင်း ယောကျာ်းလေးတွေချည်းဖြစ်ကာ တချို့ကတော့ ထွေးလိုအဖော်လိုက်လာပုံရသည့်လူတွေ ပါသည်။
ကိုကိုက ကျောပိုးအိတ်ကိုထွေးဆီလှမ်းပေးရင်း အေးအေးဆေးဆေးဖြစ်နေပေမယ့် ထွေးကတော့ ကိုယ်တိုင်ပဲ စာမေးပွဲခန်းဝင်ရတော့မည့်လူလို တုန်လှုပ်နေမိသည်။

"ကိုကို စာတွေမှတ်မိသေးလားဟင်"

"သည်းကလည်းကွာ ဒါတွေက စာမဟုတ်ပါဘူး စာမေးပွဲလို့သာအလွယ်ခေါ်ပေမယ့် အရည်အချင်းစစ်တဲ့အခိုက်အတံ့တစ်ခုပါ"

"ဘယ်လိုပဲဖြစ်ဖြစ် မေ့သွားပြီလားလို့"

"မမေ့ပါဘူး"

"သေချာဖြေခဲ့နော်"

"ဖြေနိုင်ရင်ဘာပေးမလဲ"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now