42

21.1K 783 31
                                    

🍒 Part - 42 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

First semesterသည် ဆောင်းရာသီမို့ နေထိုင်ကောင်းသည့်အချိန်ဖြစ်ကာ second semesterကတော့ နေပူလွန်းသောကြောင့် နေထိုင်၍မကောင်းပါ။
သို့ပေမယ့် ရန်ကုန်မိုးဟာ သဘောကောင်းနေဟန်ဖြင့် ခဏခဏရွာကျပေးနေ၍ သိပ်တော့မပူပေမယ့် အနည်းငယ်စိုစွတ်နေ၏။

Labချိန်ရောက်ပြီမို့ Laboratoryခန်းမှာ ထွေးတို့ကျောင်းသားတွေဖြင့် စည်ကားသိုက်မြိုက်နေကာ ပထမတစ်ဖြတ်က ထွေးတို့တက်ရသော Labခန်းတွေပဲဖြစ်သည်။
ဒီနေရာမှာ ကိုကိုနဲ့ချိန်းတွေ့ဖူးသည်ကို သတိရလိုက်တော့ ကိုကိုဆိုပြသော အပြာရောင်ည သီချင်းကိုတောင် ပြန်သတိရမိသွား၏။
ထို့ကြောင့် ထွေးပြုံးမိသွားတော့ မို့မို့ကအမြင်ကတ်သွားဟန်ဖြင့် ဟွန့်ခနဲနှာခေါင်းရှုံ့ကာ…

"အထွေးမကို မပြောလိုက်ချင်ဘူး"

"ဘာလဲ"

"ဘာမှမဟုတ်ဘူး တစ်ယောက်တည်းပြုံးနေတာ အမြင်ကတ်လို့"

"မနာလိုဖြစ်မနေပါနဲ့ နင်လည်း Right person Right timeဆိုရင် ငါ့လိုပဲငါးခူပြုံး ပြုံးရမှာပါ"

"ဒါနဲ့ပြောရဦးမယ် နင့်ကိုလာကြောင်တဲ့လူလေ Botanyကလူ"

"အင်း"

"ဥပဒေက နင့်သူငယ်ချင်းကိုလိုက်နေတယ်"

"ဘယ်သူ?"

"ဥပဒေက နင့်သူငယ်ချင်းလေ နင်နဲ့အတူနေတဲ့တစ်ယောက်"

ထွေး နှုတ်ခမ်းလေးပွင့်ဟသွားသည်အထိ အံ့ဩသွားမိကာ ဒီကိစ္စကို ငြိမ်းက တစ်ခွန်းမှမပြောသောကြောင့် တကယ်ဟုတ်ရောဟုတ်ပါရဲ့လား။
ဒါ့အပြင် ငြိမ်းဆိုသည့်ငတိမက ဂိမ်းထဲကကောင်ကို သဘောကျနေမှန်း ထွေးသိသောကြောင့် ကိုကောင်းသွေးခန့်ကို သဘောကျမှာမဟုတ်။
အဆောင်ရောက်မှမေးဖို့ စိတ်ကူးမိပေမယ့် မနေနိုင်သောထွေးသည် Labချိန်ပြီးပြီးချင်းမှာ ICကိုမသွားတော့ဘဲ Lawဌာနကိုသာ ထွက်လာခဲ့၏။

Lawဌာနသို့ရောက်သောအခါ ထင်ထားသည့်အတိုင်း ငြိမ်းတို့က စာသင်၍မပြီးသေးသောကြောင့် သူမ အတန်းအပြင်မှာသာ စောင့်နေလိုက်ရင်း နာရီထပ်ကြည့်မိပြန်သည်။
ကိုကိုတို့အတန်းဆင်းတော့မှာမို့ ဒီနေ့အတွက် ကိုကိုနှင့်အတူ နေ့လည်စာအတူမစားနိုင်ကြောင်း ထွေးဖုန်းဆက်ထားလိုက်ရရင် ကောင်းမလား…

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now