Extra 6

30K 1K 92
                                    

🍒 Extra Part - 6 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"အဲ့ဒီတော့ ဘာမှမဘာရသေးဘူးပေါ့"

ပြောင်ပြောင်တင်းတင်းကြီးမေးချလာသော ငဆက်ကြောင့် သူ ရှက်သွားမိကာ မျက်နှာတစ်ခုလုံး ရေနွေးနှင့်အပက်ခံလိုက်ရသလို ပူနွေးသွားခဲ့သည်။
တစ်ချိန်က Playboyဖြစ်ခဲ့ကြသူချင်းအတူတူ ဒင်းကတော့ ထွေးပွေ့နှင့်အဆင်ပြေနေခဲ့သလောက် ကိုယ့်မှာတော့ ကျားမကြီးကိုကြောက်ရ၍ မဝံ့မရဲ…

"Awwwဟော် နှင်းပျောက်တဲ့နွေ"

"Ballလား"

"အေး.. Ballပဲ တွင်းပျောက်တဲ့မြွလေးရဲ့"

"ဟေ့ကောင် မင်းမြွေကို တွင်းဝင်ဖြောင့်အောင် ငါကူညီထားတာနော်"

"အပိုတွေပါကွာ ကိုယ်အသုံးမကျရင် မကျဘူးပေါ့ ဘာလို့ ငါ့မြွေကိုပါဆွဲထည့်နေတာလဲ"

"မင်းမြွေကိုငါကူညီထားတာလို့ ကျက်သရေယုတ်ရဲ့ အဲ့ညက ရုပ်ရှင်လက်မှတ်ကို ၉နာရီခွဲပွဲကြီးဖြတ်ပေးလိုက်တာ ငါ့မှာချောက်ကျရောပဲ"

"၉နာရီမခွဲခင် မင်းမြွေလေး ဂူအောင်းရမလားလို့ စေတနာနဲ့ပါဟ လက်စသပ်တော့ မင်းရဲ့မြွေက အဆိပ်မရှိတဲ့ရေမြွေလေးပဲ"

"ငဆက် မင်းနော်"

မခံချင်အောင် လိုက်ပြီးစနောက်နေလေ ဒင်းကိုလှိမ့်ဆဲချင်လေဖြစ်ပြီး ခြေထောက်ကိုဖြတ်ကန်လိုက်တော့မှ ငဆက်ကပါးစပ်ပိတ်သွားလေသည်။
သို့သော် အချိုးမပြေသော စပ်ဖြဲဖြဲမျက်နှာဖြင့် သူ့ကိုကြည့်နေဆဲ…

ထုံးစံအတိုင်း Anonymous fanအဖြစ် ပို့ပေးနေဆဲ အထွေးမအတွက်Motiလေးတွေကို ကိုယ်တိုင်လာယူရင်း ငဆက်ရဲ့Showroomမှာ နောက်ထပ်ဓာတ်ပုံရိုက်ရမည့်ကားပုံတွေ လာယူခြင်းဖြစ်သည်။
များသောအားဖြင့်တော့ Nissanတွေဟာ ကားအမြင့်ကြီးတွေမဟုတ်တာမို့ ထွေးပွေ့လို ပိစိညှောက်လေးနှင့်လည်း လိုက်ဖက်သည်လေ…

"မင့်ဟာက Nissanလည်းပြောသေးတယ် အခုရိုက်မှာ Suzukiတွေလား"

"မဟုတ်ပါဘူး Suzuki showroomက ငါ့ဆရာရဲ့Showroomပါ သူကလည်း Modelရှာနေတယ်ဆိုလို့ ငါစပ်ပေးလိုက်တာ"

"ဒါနဲ့စကားမစပ် မင်းဂျပန်ကနေပြန်လာပြီး Showroomကြီး ထ,ထောင်ပစ်တာကတော့ မြန်မာကားဆန်လွန်းပါတယ် ဘာလဲ မအေးအေးဝင်းစီစဉ်တာလား"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now