32

29.1K 846 61
                                    

🍒 Part - 32 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မတူလို့ရတော့မလား အဖေကြီးရယ် သမီးကိုတကယ်ခေါ်သွားရင် ဘယ်လိုလုပ်မလဲ"

"ငါသဝာ်မယ် အဲ့ဒီကောင်ကို"

အဖေကြီးရဲ့အသံက ဒေါသတကြီးဖြစ်ပေမယ့် သမီးကို အဆုံးရှုံးမခံနိုင်သော စိုးရိမ်ခြင်းတွေဖြင့် တုန်ယင်နေခဲ့သည်။
ကိုယ်တိုင်လည်း ငိုရုံသာတတ်နိုင်ပြီး ကိုယ့်သမီးကမှ ဒီကောင်လေးနောက်ကိုလိုက်သွားခဲ့ပြီမို့ အဖေကြီးကိုနားချဖို့သာရှိတော့သည်။
စေ့စပ်ဖို့ သဘောတူခေါင်းညိတ်လိုက်လျှင် သမီးကို ပြန်ခေါ်ထားနိုင်ခွင့်ရှိသေးသည် မဟုတ်လား…

"တော်ပါတော့ အဖေကြီးရယ် ရှင့်သမီးကမှ လိုက်သွားပြီဥစ္စာ စေ့စပ်ဖို့သဘောတူလိုက်ရအောင်ပါ စေ့စပ်တာက လက်ထပ်တာမဟုတ်ပါဘူး ကိုယ့်သမီးကို ကိုယ်ပိုင်ပါသေးတယ်
အခုနေ သဘောမတူလို့တကယ်ခိုးပြေးသွားမှ တကယ်ပေးစားလိုက်ရလိမ့်မယ်"

"ဟာ! ဒီဟာကတစ်မှောက်"

"လက်ခံလိုက်ရအောင်ပါ နော်.. သျှင်းဆက်ကို ကျွန်မဖုန်းဆက်ပေးပါ့မယ် အခုတောင် ညနေရောက်နေပြီ နေဝင်သွားရင်ပိုဆိုးလိမ့်မယ်"

နေ့လည်ကတည်းက သမီးထွက်သွားကာ ငြိမ်းငြိမ်းလည်းပါသောကြောင့် ခါတိုင်းလိုပဲ ထင်မှတ်ခဲ့သည်။
အချိန်ကြာနေ၍ ဖုန်းဆက်မိကာမှ သျှင်းဆက်၏တဇွတ်ထိုးစကားကြောင့် ကိုယ့်သမီးလေး အညွန့်ကျိုးမှာကို စိုးရိမ်သွားခဲ့မိသည်။

သို့သော် အဖေကြီးကတော့ လက်မခံဘဲ ဆီစက်ကကောင်လေးတွေကို လိုက်ရှာခိုင်းရင်း အဖေကြီးကိုယ်တိုင်လည်း ဆိုင်ကယ်တစ်စီးဖြင့် တစ်မြို့လုံးလိုက်ရှာနေ၏။
ရန်ကုန်သားလူလည်ကောင်လေးက သမီးကို ရန်ကုန်ပြန်ခေါ်သွားသလားမသိဘဲ ဘယ်နေရာမှ အစအနေမတွေ့ရချေ။
ထိုကောင်လေး၏ တဇွတ်ထိုးဆန်မှုကိုလည်း သိနေသောကြောင့် သမီးကို စေ့စပ်ပေးဖို့သာ လက်လျှော့အရှုံးပေးချင်မိတော့သည်။

"အေးဟာ လာတောင်းခိုင်းလိုက်.. ငါ့သမီးကို အခုပြန်ပို့ပေးခိုင်း"

မကျေနပ်ပေမယ့် သူမ,လိုပင် လက်လျှော့အရှုံးပေးလိုက်သည့် အဖေကြီး၏စကားကြောင့် စိတ်ထဲပျော်သွားမိကာ ဖုန်းကိုလှမ်းယူပြီး မပုလဲဆီကိုသာဖုန်းခေါ်လိုက်၏။
ဖုန်းစောင့်နေပုံရသော မပုလဲကလည်း ဖုန်းဝင်သည်နှင့် ချက်ချင်းတန်းကိုင်သောကြောင့် စိတ်ထဲအားနာမိသလိုတောင် ဖြစ်သွားသေးသည်။
သူမကပဲ သျှင်းဆက်လေးကို ချစ်သောကြောင့်လားမသိဘဲ ကလေးတွေကိုအပြစ်မတင်နိုင်ဘဲ စောစောစီးစီးသဘောတူဖို့ ကောင်းခဲ့ကြောင့် တိတ်တဆိတ်နောင်တရမိပါသေး၏။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now