52

19.5K 725 47
                                    

🍒 Part - 52 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ရပြီဗျာ"

Cameramanဆီက အသံထွက်လာတော့မှ ပြုံးနေခြင်းကိုရပ်လိုက်ကာ ပါးတွေညောင်းနေမှန်းသတိထားမိလိုက်သည်။
ဒါတောင် ကိုယ်ဟာ အညတရModelလေးတစ်ယောက်သာဖြစ်ပြီး နာမည်ကြီးModelတွေဆို ဘယ်လောက်တောင် ဟန်လုပ်နေလိုက်ရမလဲ…

ထွေးက တက်သစ်စလေးဖြစ်ပေမယ့် Bossကိုယ်တိုင်က ကမ်းလှမ်းခံရသူမို့ ရိုက်ကွင်းတစ်ခုလုံးကလည်း ဂရုစိုက်ပေးကြသည်က အားနာစရာကောင်းလှ၏။
နောက်တစ်ခန်းအတွက် အဝတ်အစားလဲဖို့ အလှပြင်ခန်းကိုပြန်လာပြီး မှန်ရှေ့မှာထိုင်လိုက်တော့ မိတ်ကပ်Artistက brushတစ်ချောင်းနှင့် မိတ်ကပ်လိုက်ဖို့ပေးနေပြန်သည်။

"Bossက ကမ်းလှမ်းတာဆို"

"ဟုတ်"

"အဲ့ဒါကံကောင်းခြင်းတစ်မျိုးပဲ ခလေးရဲ့ Modelဆုဟန်ကိုသိတယ်မှလား သူ့တုန်းကလည်း ရွှေတိဂုံဘုရားမှာတွေ့လို့ ကမ်းလှမ်းခဲ့တာပဲ အခုဆိုMissတစ်ယောက်ဖြစ်နေပြီ"

"Aww"

"ငါ့ညီမလည်းကြိုးစား.. ရုပ်ခံလေးလည်းရှိတယ် အသားအရည်လည်းလှတယ် GYMကစားတာက ၆လလောက်ဆို Body shapeတွေကပါ ကြွရွလာမှာ"

"ဟုတ်"

ထိုအစ်မကြီးပြောနေသမျှ ခေါင်းလေးသာညိတ်ပြရင်း တုံ့ပြန်စကားမပြောမိဘဲ ကိုယ့်မျက်နှာကိုသာ မှန်ထဲမှာစူးစိုက်ကြည့်နေမိသည်။
မိတ်ကပ်ကြောင့် ဝင်းစက်နေသောမျက်နှာသည် ကြော်ငြာBoardပေါ်ကစတားတစ်ယောက်လို လှပနေပေမယ့် ထွေးနဲ့မတူသလိုခံစားရသည်။
ငါဖြစ်ချင်ခဲ့တာ ဒါလားဟု ပြန်မေးမိချိန် အဝတ်တွေချိတ်ထားသော စင်လေးကို ဆွဲလာသည့်အသံကြောင့် ထိုနေရာကိုလှည့်ကြည့်လိုက်မိသည်။

"နောက်တစ်ခုက လိမ္မော်ရောင်တဲ့နော်"

"OK"

"အဝတ်လဲရအောင် ညီမလေး"

"ဟုတ်"

ထွေး ဂါဝန်စကိုမ,ပြီး အဝတ်လဲခန်းကိုဝင်လာခဲ့ပြီး လဲရန်ထုတ်ပေးထားသော လိမ္မော်ရောင်ဂါဝန်ကိုလဲဝတ်လိုက်သည်။
ရှုပ်ယှက်ခတ်နေသောဤဂါဝန်က ကြိုးလေးတွေရော၊ ဖဲပွင့်တွေပါ ပါသောကြောင့် လှတော့လှပေမယ့် ကြိုးတွေတပ်ပေးနေသောအစ်မကြီးကိုလည်း အားနာရသေးသည်။
အဝတ်အစားလဲပြီးတော့ မျက်နှာကိုလိမ္မော်ရောင်ပြေပြေလေး ထပ်ဖို့ပေးသောကြောင့် ငြိမ်နေလိုက်ရပြန်သည်။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now