63 - ဇာတ်သိမ်းပိုင်း

29.9K 1.1K 373
                                    

🍒 Part - 63 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"လှတယ်နော် ပန်းနုဖျော့ဖျော့လေး.. ရွေးတတ်လိုက်တာ"

"အင်း"

ကိုခန့်ယူလာပေးသော ဆူရှီမြေမှဘဲကြီး၏လက်ဆောင် ဂါဝန်လှလှလေးသည် အထွေးမကိုယ်ပေါ်မှာ ကပ်ချပ်နေကာ သူမကလည်း ဒါကိုသဘောကျနေ၏။
ဖန်သားရောင်ဒေါက်မြင့်လေးကြောင့် ခြေဖမိုးနီနီရဲရဲလေးတွေကိုပါ မြင်နေရပြီး တစ်ခါတည်းပါလာသော Foot chainလေးကလည်း အထွေးမ ခြေဖမိုးထက်မှာ နေရာယူထားသည်။

ဒီလိုချစ်စရာကောင်းသော ကောင်မလေးကို ကိုဆက်သဝန်တိုလည်း တိုလောက်တာမို့ တစ်ခါတစ်လေတော့လည်း ထိုလူကြီးကိုနားလည်သလိုရှိသည်။
သို့ပေမယ့် အရင်ကတည်းက အထွေးမအပေါ်နိုင်စားသူမို့ ကြည့်မရ။

"နင်လေ ကိုဆက်ဆီဖုန်းဆက်မကြည့်ချင်ဘူးလား"

"ဟင်!"

"နောက်တစ်ခါလောက် ထပ်ချော့မကြည့်ချင်ဘူးလားလို့မေးတာ"

ဤတွင် ပြုံးရယ်နေသောမျက်နှာလေးက ညှိုးငယ်သွားပြီး ချက်ချင်းမျက်နှာလွှဲသွားကာ ဘာမှမပြောဘဲ foot chainလေးကိုဖြုတ်ယူသည်။
သိချင်စိတ်ကများနေပြီမို့ အထွေးမအနားသွားကာ ထိုFoot chainလေးကို သူမကပဲဖြုတ်ပေးလိုက်တော့ ထွေးက ငြိမ်သွားလေသည်။

"ငါကြောက်တယ်"

"ဘာဖြစ်လို့လဲ"

"ကိုကိုက ဖုန်းချပစ်ရင်ဘယ်လိုလုပ်မလဲ"

"ထပ်ခေါ်ပေါ့"

"နင်ကရောဘာဖြစ်နေတာလဲ ခါတိုင်းဆို ကိုကို့အကြောင်းပြောရင် နင်နဲ့မဆိုင်တော့ဘူးဆိုပြီး"

"မဟုတ်ဘူးဟာ ငါပြောချင်တာကဟာ ယောကျာ်းလေးတွေလည်း အချော့ခံချင်တာပဲမလား တစ်ခါပြောမရရင် နောက်တစ်ခါပေါ့ ပြီးတော့ နင်ကပဲ အမှားတွေလုပ်ထားတာကို ဒုတိယတစ်ခါတောင်းပန်ကြည့်လို့ရော မရဘူးလား"

"ငါကြောက်တယ်လို့"

"ဘာကိုကြောက်တာလဲ"

အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ထားပြီး ချော့မော့ပြောနေပါလျက် ကြောက်တယ် ချည်းပြောနေသော ဒင်းကိုစိတ်တိုလာမိ၍ ထအော်ပစ်လိုက်မိသည်။
အထွေးမဟာ တစ်ခါတစ်လေတော့ အိစိအိစိနှင့် ဘယ်လိုဆိုးသောသတ္တဝါမှန်းမသိချေ။
ကိုယ့်အတွေးနှင့်ကိုယ် သက်ပြင်းချမိချိန်တွင် အထွေးမက ဂါဝန်ကိုလဲလိုက်ပြီမို့ ဘာမှမပြောတော့ဘဲ တခြားနည်းလမ်းကိုသာ အသုံးပြုဖို့ စဥ်းစားလိုက်ရတော့သည်။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now