55

18.8K 765 96
                                    

🍒 Part - 55 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဟင့်အင်း အဲ့ဒါတော့ ထွေးလက်မခံနိုင်ဘူး"

"ဘာလို့လက်မခံနိုင်တာလဲ စာချုပ်ကို မင်းလက်မှတ်ထိုးထားတာပဲ စာချုပ်ပါစည်းကမ်းတွေကို လိုက်နာနိုင်ရမှာပေါ့"

Bossရဲ့အသံက တင်းမာသလိုပြတ်လည်းပြတ်သားတာမို့ ထွေးသည် တကယ်ပဲမွှန်းကြပ်သွားမိကာ လက်မှတ်ထိုးခဲ့မိသည်ကိုလည်း နောင်တရသွားမိသည်။
ထိုအချိန်က ဒီလိုတွေဖြစ်လာလိမ့်မည်ဟု ထွေးကြိုမတွေးခဲ့မိပါ။
Modelသင်တန်းတက်မည်။ တစ်ခါတစ်လေ Showလျှောက်မည်။ တစ်ခါတစ်လေ Programအသေးလေးတွေမှာ သရုပ်ဆောင်ပေးမည်ဆိုသော စိတ်ကူးသေးသေးလေးတွေသာ ရှိခဲ့ပါသည်။

"ဒါဆို ထွေးကဘာလုပ်ရမှာလဲ အခု"

"သတင်းစာရှင်းလင်းပွဲလုပ်ရမှာပေါ့"

"ဘာမှမလုပ်နဲ့ ဘာမှလည်းမဖြေရှင်းနဲ့ ဖြေရှင်းလိုက်ရင် ဒီသတင်းကအတည်ဖြစ်သွားလိမ့်မယ် ကောလဟာလအနေနဲ့ ပျောက်သွားပါစေ ဒီကြားထဲမှာ Social mediaကနေ ခပ်ခွာခွာသာနေ"

"ဒါပေမယ့် ကိုကိုနဲ့စေ့စပ်ထားတဲ့အကြောင်း Publicမှာချပြလို့မရဘူးလား Boss"

"ရမယ်ထင်လို့လား မင်းရှေ့ကလူတွေကိုတစ်ချက်လောက် စုံစမ်းကြည့်လိုက်.. ငါက ဒီလုပ်ငန်းမှာ နှစ်တွေအများကြီးလုပ်လာခဲ့တာ"

ထွေး သက်ပြင်းလေးချလိုက်မိကာ ဒီနယ်ပယ်အကြောင်းကို Bossနဲ့ပြိုင်မငြင်းချင်သလို Bossဟာ ထွေးထက်ပိုပြီး အတွေ့အကြုံရှိသူမဟုတ်လား…
လက်ရှိအချိန်မှာ Bossပြောသလိုနေလိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

"မင်းနဲ့အဲ့ဒီကောင်လေးရဲ့ကိစ္စကို ငါခွင့်ပြုထားခဲ့တယ် မင်းရဲ့privacyကို ထိန်းသိမ်းပေးထားခဲ့တာ ဒီ့ထက်ပိုပြီး ဘာကိုကာကွယ်ရမှာလဲ Modelတစ်ယောက်ဖြစ်လာရင် အောင်မြင်မှုက နောက်ကကပ်ပါလာမှာပဲ ရည်းစားထားတာက်ု သိသာသိစေ မမြင်စေနဲ့"

"ဟုတ်တယ် ထွေးပွေ့.. နာမည်ရလာရင် Antiဆိုတာရှိလာစမြဲပဲ ဒါတွေကိုဂရုမစိုက်ဘူးပြောလည်း ပြောပါများလာရင် မင်းစိတ်ထဲမှာ ထိရှနာကျင်လာမှာ.. ဒါကြောင့်မို့ လူမှူရေးကိစ္စကို ငါတို့ကထိန်းချုပ်ထားတာ"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now