Extra 3

30.5K 1.1K 177
                                    

🍒 Extra Part - 3 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"Indoorက ဒီမှာရိုက်ရမှာလား"

"အင်းလေ ဘာဖြစ်လို့လဲ"

ကိုကို့ရှေ့မှာ Modelမလုပ်ချင်ကာမှ ဒီShowroomမှာ ဘာကြောင့်များ ဓာတ်ပုံရိုက်ရမှာလဲမသိပါ။
ထွေးကိုက ကံဆိုးနေသလား၊ ကံကြမ္မာကြီးကပဲ ကိုကိုနဲ့နီးစပ်အောင်စီစဥ်ပေးနေသလားဟု ခပ်ရွတ်ရွတ်တွေးလိုက်မိသည်အထိ။
သို့ပေမယ့် ထွေးအတွက် ကံကောင်းတာက ဒီနေ့ဟာကျောင်းပိတ်ရက်မို့ ငြိမ်းလည်းပါသလို Cameramanကလည်း ကိုခန့်ဖြစ်သည်လေ…

"ဘာမှမဖြစ်ပါဘူး ထွေးရယ် တွေးကြောက်မနေစမ်းပါနဲ့ ငါရှိတယ်"

ငြိမ်းက ထွေးကြောက်နေသည်ဟု အထင်ရောက်ပြီး နှစ်သိမ့်လာ၍ ခေါင်းညိတ်ပြလိုက်ပြီး နားနေခန်းကိုသာ အရင်သွားလိုက်သည်။
ကိုကို့Showroomက Nissanကားတွေဟာ သိပ်အမြင့်ကြီးမဟုတ်ဘဲ သာမာန်လောက်သာမို့ High heelတွေလည်း စီးစရာမလိုချေ။
Range Roverလိုကားမျိုးဆို ထွေးမှာ High heelတွေစီးပြီး ခပ်မိုက်မိုက်လေးဝတ်ပေးပြီးမှ Indoorယူရသည်လေ…

"Awww ညီမလေးပဲ"

Showလျှောက်တုန်းက ကိုကို့ဘေးမှာတွေ့ခဲ့ရသော အမျိုးသမီးမို့ ထွေး ခေါင်းလေးညိတ်ကာ ပြန်နှုတ်ဆက်ပြလိုက်သည်။
ထိုအမျိုးသမီးက ထွေးအတွက် ရေတစ်ဘူးနှင့်အပူခံကော်ဖီခွက်ကို လင်ပန်းလေးနှင့်လာချပေးကာ ထွေးမှန်းသိသွားတော့ တစ်ခုခုပြောချင်ဟန်ဖြင့် ရပ်နေ၏။
ထို့ကြောင့် ထွေး ထိုအမျိုးသမီးဘက်ကို မျက်နှာလှည့်လိုက်သည့်အခါ သူမက အားနာသလိုပြုံးပြသည်။

"တစ်မျိုးမထင်နဲ့နော် ညီမလေး သျှင်းဆက်ပြန်လာတဲ့နေ့တုန်းက ကိစ္စလေ"

"မထင်ပါဘူး မမ ထွေးသိပါတယ်"

"အဲ့ဒါဆိုတော်သေးတာပေါ့ အစ်မကလေ ညီမလေးမျက်ရည်ဝဲသွားတာမြင်လိုက်လို့ စိတ်မကောင်းဖြစ်နေတာ သူ့ကိုလည်းဆဲပြီး လုပ်သဝာ်ထားတယ် တစ်ယောက်ကိုတစ်ယောက် ချစ်ကြရဲ့သားနဲ့ အစ်မကြောင့်အထင်လွဲစရာတွေ ဖြစ်ကုန်မှာစိုးလို့လေ နော်.."

"ကိုကိုတမင်လုပ်တာပါ ထွေးသိပါတယ် ဒါကြောင့်မို့ မမလည်းစိတ်ထဲမထားပါနဲ့"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now