22

26.9K 857 42
                                    

🍒 Part - 22 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ပန်းသေးခေါက်ဆွဲပဲလား"

"ဟုတ်"

ထွေးခေါင်းလေးညိတ်ပြလိုက်ကာ လူတွေရှုပ်နေသော လက်ဖက်ရည်ဆိုင်ကြီးထဲ ဝေ့ကြည့်ရင်း အလိုလိုကြောက်နေမိသလိုပင်။
လက်ဖက်ရည်ဆိုင်ဆိုတာမျိုးက ယောကျာ်းလေးတွေသာ ထိုင်တတ်ကြပြီး အခုလည်း ယောကျာ်းလေးကြီးကြီးငယ်ငယ်တွေ အများကြီးရှိနေသည်။
လူငယ်ကောင်လေးတွေ ဂိမ်းဆော့နေကြပြီး လူကြီးတွေကတော့ စကားပြောသူကများကာ တချို့ကတော့ စီးကရက်သောက်နေကြ၏။

"လူအရမ်းကျတယ်နော်"

"ပုံမှန်ပါပဲ ဒီဆိုင်ကဖွင့်ထားတာ တော်တော်လေးကြာပြီ 1960ဝန်းကျင်ကတည်းကဆိုပဲ သေချာတော့မသိဘူး ပန်းသေးခေါက်ဆွဲကတော့ နာမည်ကျော်ပဲ"

"Aww"

"ဒါပြီးရင် ဘယ်သွားမလဲ"

"ကျောင်းသွားမယ်လေ"

"Uniမှာ ကျောင်းမမှန်လို့ ဘယ်သူကမှအပြစ်မတင်ဘူး ဒီနေ့နားလိုက်"

"ဒါပေမယ့် practicalက.."

"မင်းတို့Practicalက ဗုဒ္ဓဟူးနေ့တစ်ရက်ပဲရှိတာ"

ထွေးနှုတ်ခမ်းလေးစူလိုက်မိကာ အတန်းချိန်တွေကအစသိနေသော ကိုကို့ကို လိမ်လို့လည်းမရတော့ချေ။
ကိုကိုကတော့ ထွေးကိုကြည့်ကာ ပြုံးစိစိလုပ်နေပြီး စားပွဲထိုးလေးလာချပေးသွားသော ခေါက်ဆွဲပန်းကန်ကို ​သူ့ဘက်ဆွဲယူကာ သေချာနယ်ဖတ်ပေးနေ၏။

ကိုကို့လက်ကလေးတွေသည် သွယ်လျဝင်းဖန့်နေပေမယ့် tattooသေးသေးလေးတွေကြောင့် လက်ချောင်းတိုင်းသည် လက်စွပ်ဝတ်ထားသလိုဖြစ်နေ၏။
ထိုtattooလေးတွေကို ဖွဖွလေးထိတို့ချင်မိသလို ကိုကို့လက်ဖဝါးတစ်ဖက်နှင့် ကိုကို့ပခုံးတစ်ဖက်သည် ထွေးရဲ့အပိုင်ဖြစ်ချင်သည်။
ကိုကိုသည် ဂျစ်ကန်ကန်လူဆိုးပုံစံဖြစ်ပေမယ့် ထွေးအတွက်တော့ အမြဲငေးကြည့်ချင်စရာ လူဆိုးကြီးသာဖြစ်ပါသည်။

"စားလို့ရပြီ"

"ကိုကိုက ဘာမှမစားဘူးလား"

"လက်ဖက်ရည်မှာထားတယ်"

"အဲ့ဒါပဲလား"

"အင်း"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now