35

22.3K 775 27
                                    

🍒 Part - 35 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"သျှင်းဆက် မင်းကိုဆရာကခေါ်နေတယ် Formရေးခိုင်းမလို့တဲ့"

ကားအောက်ပိုင်းစစ်နေရာမှ ကိုကျော့်အသံကြောင့် အသံလာရာကိုလှမ်းကြည့်မိတော့ ကိုကျော်က ငုတ်တုတ်ထိုင်ပြီး သူ့ကိုကုန်းကွကြည့်နေ၏။
စာမေးပွဲအတွက် Formကို အခုကတည်းက တင်ထားလိုက်ခြင်းဟာ အကောင်းဆုံးဖြစ်ပြီး သင်္ကြန်တွင်းရုံးပိတ်ရက်တွေမှာ အကြောင်းအမျိုးမျိုးဖြင့် မေ့သွားနိုင်လောက်သည်။
ထို့ကြောင့် ကားအောက်မှထွက်လာခဲ့ကာ Tool boxထဲသို့ ဂွတွေပြန်ထည့်ရင်း ကိုကျော့်ကိုမေးငေါ့ကာ…

"ခဏနေ အပြင်မှာ လက်ဖက်ရည်သွားသောက်ရအောင်ဗျာ"

"မင်းဝယ်တိုက်မှာလား"

"ဘာလို့တိုက်ရမှာလဲ ကိုယ့်ဘာသာသောက်"

"အံမာ"

"ပြောမနေနဲ့ ကိုကျော်.. အဲ့ကောင်က လူမလွတ်တလွတ်ဖြစ်နေပြီ ပိုက်ဆံကိုအသေအလဲစုနေတာ"

"ဘာလဲဟ"

"ကောင်မလေးနဲ့စေ့စပ်ပြီးပြီလေ ယူဖို့ကို အခုကတည်းကပိုက်ဆံစုနေတာ"

ကားAirconကိုဖြုတ်ပြီး သန့်ရှင်း​ရေးလုပ်နေသော ကိုထွန်းက ခပ်ငေါ့ငေါ့ပြောလာသည့်အခါ သူ ရှက်ကိုးရှက်ကန်းဖြင့် တဟီးဟီးရယ်မိတော့သည်။
ကိုထွန်းပြောတာလည်း မှန်နေသောကြောင့် ငြင်းလည်းမငြင်းတော့ဘဲ ဘေစင်မှာ လက်ဆေးနေချိန် ကိုကျော်က သူ့အနားရောက်လာ၏။

"အခုကတည်းက စုနေရအောင် မင်းနဲ့ယူမှမယူရသေးတာ"

"မယူရသေးလည်းဘာဖြစ်လဲ သူပူဆာတာလေးတွေ ဝယ်ပေးမှာပေါ့ ပြီးတော့ လာမယ့်၆လပိုင်းမှာ သူ့မွေးနေ့ရှိတယ် အမိုက်စားလေးလုပ်ပေးချင်တာ အဲ့ဒါကြောင့်မို့"

"အမလေးဟ"

သူ ရယ်ရုံသာရယ်ပြီး ထိုလူတွေကိုပစ်ထားခဲ့ကာ ဆရာ့ရုံးခန်းကိုလျှောက်လာခဲ့ပြီး တံခါးခေါက်ကာ ဝင်သွားလိုက်တော့ ဆရာက သူ့ကိုမော့ကြည့်သည်။
ထို့နောက် စာရွက်တစ်ထပ်ကိုထုတ်ပေးပြီး ဘောပင်န်ကိုပါချပေးကာ…

"ဂျပန်လိုရေးနော်"

"ဟုတ်ကဲ့"

"စာမေးပွဲဖြေရင်လည်း ဂျပန်စာနဲ့ပဲရေး.. ငါ့လူတွေထဲမှာ မင်းကိုအမြင့်ဆုံးမှန်းထားတာ Aထဲကပဲရအောင်ယူကွာ"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now