31

25.8K 859 47
                                    

🍒 Part - 31 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"သမီးလေးပိန်သွားလိုက်တာ ကြည့်ပါဦး ပါးလေးတောင်သိပ်မဖောင်းတော့သလိုပဲ"

မေမေက ထွေးရဲ့ပါးလေးတွေကို တယုတယကိုင်ကြည့်ရင်း မျက်နှာကိုဟိုဘက်လှည့်ကြည့်လိုက်၊ ဒီဘက်လှည့်ကြည့်လိုက်။
မေမေ့အကြည့်တွေဟာ စူးစူးစမ်းစမ်းရှိလှသလို ထွေးမှာတော့ တကယ်ပဲမှားယွင်းထားသူမို့ မလုံမလဲဖြစ်နေမိသည်အထိ။

မိန်းကလေးတစ်ယောက် အပျိုရည်ပျက်သွားပြီဆိုလျှင် ဘယ်လိုအချက်တွေကများ ပြောင်းလဲသွားသလဲ။
မေမေကတော့ အိမ်ထောင်ကျပြီးသားအမျိုးသမီးမို့ ထွေးရဲ့ပြောင်းလဲခြင်းတွေကိုများ ရိပ်မိနေသလား…

"မေမေ ဘာလို့အဲ့လိုကြီးကြည့်နေတာလဲဟင်"

မနေနိုင်မထိုင်နိုင် ထုတ်မေးလိုက်မိတော့ မေမေက အပြုံးတစ်ချက်ဖြင့်ခေါင်းခါပြပြီး ဖေဖေ့ဆီကို အကြည့်ရောက်သွားလေသည်။
ဒါဆို ကိုကိုပြောခဲ့သည့် စေ့စပ်ဖို့ဆိုတာကြောင့် ဖေဖေရော၊ မေမေပါ ထွေးကို ဒီလိုကြီးကြည့်နေကြသလား…

"မပြောပါနဲ့ကွာ ခရီးရောက်မဆိုက်ကြီး"

"ကိုကိုက စေ့စပ်ထားချင်တယ်တဲ့"

ထွေးဘက်က အရင်စပြောလိုက်သည့်အခါ ဖေဖေက ထထွက်သွားသောကြောင့် ထွေးစိတ်ထဲဝမ်းနည်းသွားမိကာ ကျန်နေခဲ့သောမေမေ့ကို မော့ကြည့်လိုက်မိသည်။
မေမေကတော့ ဖေဖေထွက်သွားရာဆီကို လှမ်းကြည့်ရင်းမှ ထွေးကိုပြန်ငုံ့ကြည့်ကာ…

"အဲ့ဒီကိစ္စဆိုရင်တော့ နောက်မှပဲပြောရအောင်"

"နောက်မှပြောပြော အခုပြောပြော ဒါပဲမဟုတ်ဘူးလား မေမေ.. သမီးကိုကိုနဲ့မခွဲချင်ဘူး ပြီးတော့ကိုကိုက ဂျပန်သွားတော့မှာ"

"ဒုတိယနှစ်ဝက်ကျန်သေးတယ်မဟုတ်လား သမီးရယ် ၆လလောက်တောင်လိုပါသေးတယ် ဖြည်းဖြည်းမှပြောလည်းရပါတယ်"

မေမေက ထွေးကိုချော့မော့ပြောပြီး ထွေးပြန်သယ်လာသော အထုတ်အပိုးတွေကို သိမ်းဆည်းဖို့အကြောင်းပြချက်ဖြင့် စကားဆက်မပြောတော့ချေ။
ထို့ကြောင့် ထွေးလည်း ဘာမှဆက်မပြောနိုင်တော့ဘဲ စေ့စပ်မည့်ကိစ္စကိုလည်း ရင်လေးသွားခဲ့မိသည်။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now