38

26K 740 33
                                    

🍒 Part - 38 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"သည်း ညစာမစားဘူးလား"

"ဟုတ်"

"ဘာဖြစ်လို့လဲ"

"ဥပုသ်ရလို့ပေါ့ ညစာကနင့်အတွက်ပဲချက်ထားတာ"

အန်တီပုလဲစကားကြောင့် ကိုကို့မျက်နှာစူပုတ်သွားသလို ထွေးကိုလည်းမကျေမနပ်ကြည့်လာသောကြောင့် ထွေးစိတ်ထဲစိုးထိတ်သွားမိသည်။
ကိုကို့ကိုစချင်သောကြောင့် တစ်နေ့လုံးဥပုသ်ဆောက်ခဲ့ခြင်းဖြစ်ကာ ထွေးခုလိုလုပ်လို့ ကိုကိုစိတ်ဆိုးသွားပြီလားဟု ကိုကို့မျက်နှာကိုကြည့်လိုက်မိသည်။

"ဘာဖြစ်တာလဲ မင်းက"

"ဘာမှမဖြစ်ပါဘူး တစ်အိမ်လုံးညီညွတ်နေတော့ ကျွန်တော်တစ်ယောက်တည်း ကမ္ဘာ့အပြင်ဘက်ရောက်နေသလိုပဲ"

"အမလေး"

ပိုရန်ကောဆိုသည့်အကြည့်ဖြင့် အန်တီပုလဲကကြည့်နေတော့ ကိုကိုက မသိမသာမျက်နှာလွှဲကာ ထွေးကိုလည်းဘာမှမပြောတော့ဘဲ မီးဖိုခန်းထဲဝင်သွား၏။
ခါတိုင်းလိုဆို ထွေးလိုက်ချော့မိမှာဖြစ်ပေမယ့် လက်ရှိအချိန်ဟာ ဖေဖေတို့ရော၊ မေမေတို့ပါရှိနေပြီး ပါချုပ်ဆရာတော်ကြီး၏တရားတစ်ပုဒ်ကို နာကြားဖို့ပြင်ဆင်နေသောအချိန်…

"လာ.. သမီး"

"ဟုတ်ကဲ့"

ထွေးလက်ကိုဆွဲကာ အန်တီကခေါ်လာတော့ ထွေး မငြင်းရဲတော့ဘဲ အန်တီနှင့်မေမေ့ကြားမှာ ဝင်ထိုင်လိုက်ရင်း ဟောနေသောတရားတော်ကိုသာ နာယူဖို့ကြိုးစားမိသည်။
စိတ်ကတော့ ကိုကို့နောက် လိုက်သွားချင်မိဆဲ…

🍒🍒🍒🍒🍒

"သား နိုးပြီလား"

မျက်နှာသစ်ပြီးထွက်လာသည်နှင့် အန်တီချိုက မေးလိုက်၍ ထွေးရဲ့အကြည့်တွေသူ့ဆီရောက်လာကာ ထိုမျက်နှာလေးဟာ မဝံ့မရဲအကြည့်တွေဖြင့်။
သူကတော့ တမင်အရေးမလုပ်ဘဲ နေလိုက်ကာ အန်တီချို့ကိုခေါင်းညိတ်ပြလိုက်ပြီး ထိုင်ခုံမှာဝင်ထိုင်လိုက်၏။
စားပွဲထိပ်မှာတော့ အဖေနှင့် ဦးလေးက သတင်းစာတစ်စောင်ကို လက်နှင့်ထောက်ပြရင်း အချင်းချင်းဘာတွေဆွေးနွှေးပြောဆိုနေကြသလဲမသိ။

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now