Extra 5

39.5K 1.1K 105
                                    

🍒 Extra Part - 5 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

တံခါးဖွင့်သံကြား၍ သူနိုးလာပြီး ရင်ခွင်ထဲခေါင်းလေးတိုးဝင်ပြီး အိပ်ပျော်နေသောမျက်နှာလေးကို အရင်ဆုံးတွေ့လိုက်ရသည်။
မီးရောင်ဝါဝါလေးအောက်မှာ အစိပ်အပိုင်းတစ်ခုစီဟာ ရင်ခုန်ချင်စရာကောင်းအောင် လှရက်သလို မျက်တောင်ကော့ကော့လေးတွေက ပါးပေါ်မှာအရိပ်ထင်နေ၏။
သူ့လက်မောင်းပေါ် ခေါင်းလေးတင်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေပုံလေးက အသည်းယားစဖွယ်…

"ထွေးရေ"

ငြိမ်းငြိမ်းအသံထွက်လာတော့မှ ထထိုင်လိုက်ကာ ဘောင်းဘီကိုကောက်စွပ်လိုက်ပြီး တီရှပ်ကိုပါ ဝတ်ရင်း သူမကိုပခုံးပေါ်အထိစောင်ခြုံပေးလိုက်ကာ အခန်းတံခါးဆီလျှောက်လာခဲ့သည်။
ပုစွန်တုပ်လေးလို ကွေးကောက်နေသော သူမကတော့ လှုပ်တောင်မလှုပ်…
အခန်းတံခါးဖွင့်ပေးလိုက်တော့ ငြိမ်းငြိမ်းကမျက်လုံးပြူးလာပေမယ့် ထူးဆန်းသွားပုံမရဘဲ အခန်းထဲကိုသာခေါင်းတိုးကြည့်နေ၍ ထိုခေါင်းကိုပြန်တွန်းပစ်လိုက်သည်။

"ဘာလဲ သူအိပ်နေပြီ"

"ဒီအချိန်ကိုလား"

"၁၁နာရီတောင်ရှိနေပြီလေ အိပ်မှာပေါ့"

"မဟုတ်တာ အထွေးမက ခါတိုင်းဆို ၂နာရီ၃နာရီလောက်မှ အိပ်တာ ဒီနေ့ဆေးပိုသောက်လိုက်လို့လား"

"ဘာဆေး"

"ခဏဖယ်စမ်းပါ စစ်ကြည့်ဦးမယ်"

ဆိုကာ အခန်းထဲဇွတ်ဝင်လာ၍ အထွေးမကို စောင်ခြုံပေးခဲ့တာမှန်သွားလေ၏။
ငြိမ်းငြိမ်းက အံဆွဲကိုဖွင့်ကာ ဆေးဘူးတစ်ဘူးကိုပါဖွင့်ပြီး ဆေးလုံးတွေကိုရေတွက်ကြည့်နေသောကြောင့် သူ့မှာနားမလည်နိုင်အောင်ပင်။
သည်းက ဆေးတွေသောက်နေရတာလား..
ဘာဆေးလဲ၊ ဘာအတွက်လဲ..

"သောက်လည်းသောက်မထားဘူး"

"ဘာတွေလဲ ငြိမ်းငြိမ်းရာ"

"Aww ခင်ဗျားမသိဘူးပဲ"

အခန်းထဲဇွတ်ဝင်လာသော မိငြိမ်းက ဆေးလုံးတွေပြန်သိမ်းရင်း သူ့ကိုပြောလာသည့်အခါ သူလိုက်မမှီတာတစ်ခုရှိနေပြီမှန်း သဘောပေါက်လိုက်၏။
ငြိမ်းငြိမ်းက ထိုဆေးဘူးလေးကိုပါယူကာ အခန်းအပြင် ပြန်ထွက်သွားပြီး သူ့ကိုပါမေးဆတ်ကာ အပြင်ထွက်ခဲ့ဖို့ခေါ်၍ သူပါအခန်းအပြင်ထွက်လာခဲ့သည်။
အထဲမှာ အထွေးမ အိပ်နေသောကြောင့် မိငြိမ်းဟာ အပြင်မှာသာ စကားပြောချင်ပုံရသည်လေ…

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now