Extra 11

27.9K 1.1K 85
                                    

🍒 Extra Part - 11 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"အီးဟီး!! ပေပေလူဂျိုးကြီး"

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကာမှ သားရဲ့ငိုသံလေးကြောင့် ထွေးလန့်နိုးလာကာ ထထိုင်လိုက်မိသည်က ချက်ချင်းဖြစ်သည်။
ဒီလောက်ထိအိပ်ပျော်သွားရလားဟု ကိုယ့်ကိုယ်ကိုအပြစ်တင်မိရင်း ဆံပင်ကိုညှပ်တစ်ခုနှင့်ညှပ်တင်ကာ သားကိုကြည့်မိတော့ သုတက ကိုကို့ရဲ့ကျောဘက်မှာဖြစ်သည်။
သားက ကိုကို့ကိုလှုပ်နှိုးနေပြီး ကိုကိုကတော့ ပြုံးစိစိမျက်နှာကြီးဖြင့် လှုပ်တောင်မလှုပ်။

"သားရေ ဖေဖေ့ကိုဘာလို့နှိုးနေတာလဲ လာ.. မေမေ့ဆီလာ"

"ပေပေလူဂျိုးကြီး"

"မဆိုးပါဘူး သားရဲ့ လာပါ"

ထွေး သားကိုချော့ခေါ်လိုက်တော့ သားက ကိုကို့ကိုကျော်ခွပြီး ထွေးဆီရောက်လာကာ ထွေးရဲ့လည်ပင်းကိုသိုင်းဖက်သည်။
ပြီးမှ ပြုံးစိစိလုပ်နေသောကိုကို့ကို စူပုတ်ပုတ်လေးငုံ့ကြည့်ကာ...

"ပေပေက တားကိုဟိုဘက်ပို့ထားတာ"

"ဟုတ်လား"

ထိုအခါ ထွေးသတိရသွားကာ ထွေးမအိပ်ခင်က သားကိုအလည်မှာထားပြီး အိပ်ခဲ့ပေမယ့် သားက ဘာလို့ ကိုကို့ကျောဘက်ရောက်နေတာလဲ။
ဒီလောက်ဆို ထွေးလည်းနားလည်သွားပြီမို့ ကိုကို့လက်မောင်းကြီးကို ဆွဲလှုပ်ပစ်လိုက်တော့ ကိုကိုက ဟန်မဆောင်တော့ဘဲ ထရယ်လေသည်။

"ပေပေက တားကို ခြောက်ကနေချွဲပြီး ဟိုဘက်ပို့တာ"

"ဟယ်!"

"သူကျ မေမေ့ကိုဖက်ပြီးအိပ်နာ ပေပေက ကိုယ့်မေမေကို သွားဖက်အိပ်ပါ့ရော"

"အေးလေ ဒီဖေဖေလူဆိုးကြီးဟာလေ"

"စကားကဖြင့် လေလုံးကွဲအောင်တောင်မပြောတတ်သေးဘူး တိုင်ကြောထူတတ်နေပြီ"

"မေ့ ပေပေ တားကိုကျောနေတယ် အီး!!"

"ဟုတ်တယ် ကိုကိုမပြောနဲ့"

"မရဘူး ငါလည်းမင်းကိုဖက်ထားပြီး အိပ်ချင်တာပေါ့ သည်းရယ် ဟိုကောင် သုတသျှင်းဆက် မင်း ညတိုင်းငါ့မိန်းမကို ဖက်ဖက်ပြီးအိပ်နေတာ
ငါ့ကို တစ်ညတစ်လေလေးတော့ ဖက်အိပ်ခွင့်ပေးပါဦးဟ"

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now