25

33.8K 836 53
                                    

🍒 Part - 25 🍒
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ဖုန်းသံစူးစူးကြောင့် ထွေး အိပ်နေရာမှနိုးလာခဲ့ကာ အိပ်ချင်သေးသောကြောင့် မျက်လုံးတွေမဖွင့်သေးဘဲ ဖုန်းကိုလိုက်စမ်းမိသည်။
တစ်ကိုယ်လုံးညောင်းပြီး ကိုက်ခဲနေသည်မှာ လက်တောင်မလှုပ်ချင်သောကြောင့် အသံကျယ်နိုင်လွန်းသောဖုန်းကို ကျိန်ဆဲနေမိသည်အထိ။
ခါတိုင်းဆို ခေါင်းအုံးနားမှာသာ ထားတတ်ပေမယ့် ဒီတစ်ခါတော့ ဖုန်းကဘယ်ရောက်နေသလဲမသိ။

"ငြိမ်းရေ ငါ့ဖုန်းဘယ်မှာလဲ ရှာပေးဦး"

ငြိမ်းကိုအကူအညီတောင်းသလို ပြောတော့မှ ငြိမ်းကဖုန်းကို ထွေးဆီသို့ယူလာသည်ထင်သည်၊ ဖုန်းသံကပိုကျယ်လာကာ ခဏအကြာမှာတော့ လုံးဝတိတ်ကျသွား၏။
နားအေးသွားပြီဟု ဂျစ်တစ်တစ်အတွေးဖြင့် ပြန်အိပ်ဖို့ကြိုးစားမိတုန်း ဖုန်းကိုနားမှာလာကပ်ပေးသဖြင့် ကျွတ်ခနဲစုပ်သပ်လိုက်မိသည်။
ဒီငြိမ်းစုတ်ဟာလေ.. သူ့ဘာသာကိုင်လိုက်လည်းရရဲ့သားနဲ့…

"ဟဲလို"

"နင်ဘယ်မှာလဲ"

ဖုန်းထဲအသံက ငြိမ်း၏ခုနှစ်သံချီအသံမို့ ထွေးနှာခေါင်းလေးရှုံ့သွားပြီး ထွေးရဲ့ကျောဘက်မှာရှိနေသော ငြိမ်းစုတ်မကို စိတ်ထဲမှဆဲမိပြန်သည်။

"ဘယ်လောက်တောင်ဝေးနေလို့ ဖုန်းဆက်နေတာလဲ ကောင်မရဲ့"

"ဟဲ့.. နင်မျက်လုံးလေးဘာလေးဖွင့်ကြည့်ဦး လင်နောက်လိုက်သွားပြီဆိုလည်း ငါ့ကိုပြောဦး"

"ဟာ!"

စိတ်မရှည်တော့၍ ဖုန်းကိုကိုင်လျက်သားဖြင့် ဆတ်ခနဲထထိုင်လိုက်တော့ မျက်နှာချင်းဆိုင်မှာရှိနေသော နံရံကပ်TVကြီးကို အရင်ဆုံးအကြည့်ရောက်သွားသည်။
ငါတို့အခန်းမှာ ဘယ်တုန်းက TVရှိသွားတာလဲ…

ထထိုင်လိုက်မိမှ ခေါင်းတွေလည်းထိုးကိုက်လာသလို ခါးအောက်ပိုင်းမှလည်း စူးခနဲအောင့်မျက်သွားပြီး တစ်ကိုယ်လုံးညောင်းညာနေ၍ မျက်နှာလေးရှုံ့သွားမိသည်။
Heineken ၂ပုလင်း၊ ဆိုဂျူလေးတစ်ပုလင်းလောက် သောက်မိတာ ဒီလောက်အထိ အခြေအနေဆိုးသွားသလား…

တိုးတိုးတိတ်တိတ် တမ်းတမ်းတတWhere stories live. Discover now